AFC Cup News

ပုံစံပြောင်းမည့် အာဆီယံချန်ပီယံရှစ်

Mar 15 , 2016

၁၉၉၆ ခုနှစ်က စတင်ကျင်းပခဲ့သော အာဆီယံရှစ်ဘောလုံးပြိုင်ပွဲ (ယခု ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ) ကို ၂၀၁၈ ခုနှစ်မှ စတင်၍ ပြိုင် ပွဲပုံစံပြောင်းလဲကျင်းပရန် အာဆီယံဘောလုံးအဖွဲ့ချုပ်က စီစဉ်လျက်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ်ပြိုင်ပွဲအတွက် ပြောင်းလဲနေသောရန် ဆွေးနွေးနေသောပုံစံမှာ အသင်း ၁၀သင်းကို အုပ်စုနှစ်စုခွဲပြီး ပွဲစဉ်တိုင်းကို အိမ်ကွင်း ၊ အဝေးကွင်းပုံစံကျင်းပရန် ဆွေးနွေးနေခြင်းဖြစ်ပြီး ပြိုင်ပွဲပုံစံကို အာဆီယံေးသတွင်းရှိ ဘောလုံးအဖွဲ့ချုပ်များအားလုံး မဲပေးရွေးချယ်ကာ ဆုံဖြတ်မည်ဖြစ်ကြောင်း သိရသည်။

၂၉၉၆ ခုနှစ်မှ ၂၀၀၄ခုနှစ်အထိ ပြိုင်ပွဲပုံစံမှာ ၁၀သင်းဝင်ရောက်ယှဉ်ပြိုင်ပြီးအုပ်စုနှစ်စုခွဲကာအုပ်စုပထမနှင့်ဒုတိယကို ဆီမီးဖိုင်နယ် တက်ရောက်စေကာ ဆီမီးဖိုင်နယ် ၊ ဗိုလ်လုပွဲ နှင့်တတိယနေရာလုပွဲ စသည့်ဖြင့်ကစားခဲ့ကြောင်း သိရသည်။

၂၀၀၇ခုနှစ်မှစတင်၍ပြိုင်ပွဲပုံစံထပ်မံပြောင်းလဲခဲ့ပြီး အာဆီယံဒေသတွင်း ၁၁နိုင်ငံတွင် အိမ်ရှင်နှစ်နိုင်ငံအပါအ၀င် ထိပ်သီးခြောက်သင်းသာ တိုက်ရိုက်ပြိုင်ပွဲဝင်ခွင့်ရပြီး ကျန်အသင်းများမှာခြေစစ်ပွဲပုံစံကစားကာ နှစ်သင်းခြေစစ်ပွဲအောင်စေခဲ့သည်။

ထို့နောက် ယင်းရှစ်သင်းကို အုပ်စုနှစ်စုခွဲကာ အုပ်စုပထမနှင့် ဒုတိယနှစ်သင်း ဆီမီးသို့တက်ပြီး ဆီမီးဖိုင်နယ် ၊ ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲတို့ကို အိမ်ကွင်း ၊အဝေးကွင်း နှစ်ကျော့ပုံစံကစားစေခဲ့ကြောင်း သိရသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here