AFC Cup News

AFC Cup တတိယပွဲစဉ်

Mar 15 , 2016

အာရှဘောလုံးအဖွဲ့ချုပ် (AFC)က ကြီးမှုးကျင်းပလျက်ရှိသည့် ၂၀၁၆ AFC Cup ပြိုင်ပွဲ  အုပ်စုတတိယပွဲစဉ် မတ် ၁၆ ရက် ကျင်းပမည်ဖြစ်ပြီး အိမ်ကွင်း၌ ကစားရမည့်ဧရာဝတီအသင်းမှာ ဘင်ဂါလူရူးအသင်း ၊ အဝေးကွင်းကစားရမည့် ရန်ကုန်အသင်းမှာ မိုဟန်ဘေဂန်အသင်း တို့နှင့်တွေ့ဆုံလျက်ရှိသည်။

ဧရာဝတီအသင်းမှ အိမ်ကွင်းနှစ်ပွဲဆက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရန်ကုန်အသင်းမှာအဝေးကွင်းတွင်ထပ်မံကစားရမည်ဖြစ်သည်။ ဧရာဝတီအသင်းမှာ အိန္ဒိယကလပ် ဘင်ဂါလုဂရူးအသင်းနှင့်ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌လည်းကောင်း ၊ရန်ကုန်အသင်း မှာမြန်မာစံတော်ချိန် ည ၈ နာရီတွင် အိန္ဒိယနိုင်ငံ၌ အိန္ဒိယကလပ် မိုဟန်ဘေဂန်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းမှာနှစ်ပွဲစလုံးအနိုင်မရထားသော် လည်း နောက် တစ်ဆင့် တက် ရောက်နိုင်ရန် အခွင့်အရေးကောင်းများရှိနေဆဲဖြစ်သည်။အုပ်စု(G)တွင်ပါဝင်နေသည့် ရန်ကုန်အသင်းမှာနှစ်ပွဲကစား တစ်ပွဲနိုင် ၊တစ်ပွဲသရေ လေးမှတ်ဖြင့် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေပြီး ရန်ကုန်အသင်းနှင့်ကစားရမည် မိုဟန်ဘေဂန်အသင်း မှာ နှစ်ပွဲ စလုံးဂိုးပြတ်အနိုင်ရကာ အုပ်စုကိုဦးဆောင်လျက်ရှိသည်။

ရန်ကုန်အသင်းမှာခြေစွမ်းပြနေသော မိုဟန်ဘေဂန်အသင်းနှင့် အဝေးကွင်းပွဲကျပ်ကစားရမည်ဖြစ်ပြီး အမာခံကစားကမားအစုံအလင်နီးပါး ပါဝင်မည်ဖြစ်သော်လည်း ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။အုပ်စု(H)တွင်ပါဝင်နေသည့် ဧရာဝတီအသင်းမှာအဖွင့်ပွဲတွင် အဝေးကွင်း ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရာသော်လည်း ဒုတိယပွဲတွင် လာအိုတိုယိုတာအသင်းကို ၄ ဂိုး- ၂ဂိုးဖြင့်ဂိုးပြတ် အနိုင်ရ ခဲ့သောကြောင့် နောက် တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိလာခဲ့ပြီး ယခုပွဲတွင်နိုင်ပွဲ ရယူနိုင်မှသာ အခြေအနေကောင်းမည်ဖြစ်သည်။

ဧရာဝတီအသင်းသည် အုပ်စုပွဲစဉ်များတွင် ဂျိုဟိုဒါရူးလ်(မလေးရှား) ကို ၈ဂိုး-၁ဂိုးဖြင့် ရှုံးနိမ်ခဲ့ပြီး လာအိုတိုယိုတာ (လာအို)ကို ၄ဂိုး-၂ဂိုးဖြင့်အနိုင်ရထားသည်။ဧရာဝတီနှင့်ယှဉ်ပြိုင်ရမည့် ဘင်ဂါလူရူးအသင်းမှာနှစ်ပွဲလုံးရှုံးနိမ့်ထားသည်။ရန်ကုန်အသင်းမှာတောင်တရုတ်(ဟောင်ကောင်) ကို ၂ဂိုး -၁ဂိုးဖြင့်အနိုင်ရထားပြီး မာဇီယာ(မော်လ်ဒိုက်)နှင့်တစ်ဂိုးစီသရေကျထားသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here