FA Cup News

FAဖလားဆီမီးပွဲစဉ်များ

Mar 15 , 2016

FAဖလားဆီမီးဖိုင်နယ်ပွဲစဉ်များကို မဲခွဲနေရာချထားခဲ့ရာ ခရစ္စတယ်ပဲလေ့စ်အသင်းက ၀တ်ဖို့ဒ်နှင့်တွေ့ရမည်ဖြစ်ပြီး အဲဗာတန်က မန်ယူနှင့် ၀က်စ်ဟမ်းပွဲမှနိုင်သောအသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

မန်ယူနှင့်ဝက်စ်ဟမ်းတို့မှာကွာတားဖိုင်နယ်အဆင့်တွင် တစ်ဂိုးစီသရေကျခဲ့သဖြင့် ပြန်ကန်ပွဲစဉ်ကစားကြရဦးမည်ဖြစ်သည်။

အဆိုပါပြန်ကန်ပွဲစဉ်ကစားရမည့်နေ့ကိုမန်ယူနှင့်လီဗာပူးတို့ကစားမည့်ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်အပြီးတွင် သတ် မှတ်ကြေညာ မည်ဖြစ်သည်။

ဆီမီးဖိုင်နယ်သို့တက်လာသောအဲဗာတန်မှာ ကွာတားအဆင့်တွင် ချဲလ်ဆီးကို ၂းဝဖြင့်အနိုင်ရခဲ့သည့် အသင်းဖြစ်ပြီး ၀တ်ဖို့ဒ်မှာ လက်ရှိချန်ပီယံအာဆင်နယ်ကို အနိုင်ရခဲ့သည့်အသင်းဖြစ်သည်။

ဝတ်ဖို့ဒ်မှာဆီမီးအဆင့်သို့ ၁၉၈၄ နောက်ပိုင်း ပထမဆုံးတက်လာခဲ့ခြင်းဖြစ်ပြီး ပဲလေ့စ်မှာလည်း ၁၉၉၅နောက်ပိုင်း ပထမဆုံး တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

အဲဗာတန်မှာ၂၀၁၂ နောက်ပိုင်းတွင်ဆီမီးအဆင့်သို့ ပထမဆုံးပြန်တက်ရောက်လာခြင်းဖြစ်ပြီး ယင်းဆီမီးဖိုင်နယ်ပွဲများကို ၀င်ဘလေတွင် လာမည့် ဧပြီ ၂၃နှင့်၂၄ ရက်များ၌ ကျင်းပမည်ဖြစ်သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here