Champions League

ချန်ပီယံမဖြစ်နိုင်တော့သည့် ၂ သင်း

Mar 15 , 2016

လက်စတာကအနီးဆုံးပြိုင်ဘက်ကို ၅မှတ်ဖြတ်ဦးဆောင်နေခဲ့ပြီးနောက်တွင်ဆောက်သင်တန်နည်းပြရော်နယ်ကိုးမန်းက အာဆင်နယ်နှင့် မန်စီးတီးတို့မှာချန်ပီယံဖြစ်ရန်မျှော်မှန်းနိုင်သောအသင်းများထဲတွင် မပါဝင်တော့ကြောင်း ပြောဆိုလိုက်သည်။

လက်စတာအသင်းမှာ နယူးကာဆယ်ကို အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာမှ စပါးထက် ၅မှတ်အသာရနေပြီး တစ်ပွဲစီလျော့ထားသော အာဆင်နယ်နှင့် ၁၁မှတ် ၊ မန်စီးတီးနှင့်၁၂မှတ် ၊၀က်စ်ဟမ်းနှင့်၁၄မှတ် ၊မန်ယူနှင့်၁၆မှတ်အသာစီးရနေပြီဖြစ်သည်။

ကိုးမန်းက အခုဆိုရင်ချန်ပီယံဖြစ်နိုင်တာနှစ်သင်းပဲရှိပါတော့တယ် ၊ စပါးအနေနဲ့ လာမယ့် ပွဲတွေမှာအကောင်းဆုံးရလဒ်တွေရခဲ့မယ်ဆိုရင်တော့ ချန်ပီယံဆုကိုမျှော်မှန်းနိုင်ပါလိမ့်မယ် ဟုပြောဆိုသွားခဲ့သည်။

လက်ကျန်ပွဲများတွင် လက်စတာအသင်းမှာ ဆောက်သင်တန် ၊ ဆန်းဒါးလန်း ၊ ပဲလေ့စ် ၊ ၀က်စ်ဟမ်း ၊ ဆွမ်ဆီး ၊ မန်ယူ ၊ အဲဗာတန် ၊ ချဲလ်ဆီးတို့နှင့်ကစားရမည်ဖြစ်ပြီး စပါးကလက်ကျန်ပွဲများတွင် ဘုန်းမောက် ၊ လီဗာပူး ၊ မန်ယူ ၊စတုတ် ၊၀က်ဘရွန်း ၊ ချဲလ်ဆီး ၊ ဆောက်သင်တန် ၊ နယူးကာဆယ်အသင်းများနှင့်ကစားရမည်ဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here