Serie-A News

လီဗာပူး CEO နှုတ်ထွက်မည်

Mar 15 , 2016

CEOဖြစ်သူ အီယန်အေရီမှာ အသင်းနှင့်စာချုပ်ရှိနေသည့် ၂၀၁၇ မေလအထိသာ လက်ရှိရာထူးတွင်ဆက်နေမည်ဖြစ်ပြီး ယင်းကာလကျော်လွန်ပါက နှုတ်ထွက်တော့မည်ဖြစ်ကြောင်း လီဗာပူးအသင်းကကြေညာချက်ထုတ်ပြန်လိုက်သည်။

အသက် ၅၂ နှစ်ရှိပြီဖြစ်သော အေရီမှာ ၂၀၀၇တွင်လီဗာပူးသို့ စီးပွားရေးဒါရိုက်တာအဖြစ် စတင်ရောက်ရှိခဲ့ပြီး ၂၀၁၁တွင် CEOရာထူး ရရှိခဲ့သူဖြစ်သည်။

အေရီအနေနှင့် ယခုရာထူးမှ နှုတ်ထွက်ရန်အကြောင်းကို လွန်ခဲ့သောလအနည်းငယ်ကတည်းကပင် အသင်းပိုင်ရှင် ၊အသင်းဥက္ကဋ္ဌ တို့နှင့်ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အေရီက မိမိအနေနှင့် ဤရာထူးကိုရရှိခဲ့ခြင်းမှာ မိမိ၏ ပရော်ဖက်ရှင်နယ်ဘ၀တွင် အထူးခြားဆုံး ဂုဏ်ယူရသည့် အလုပ်တစ်ခုဖြစ်ကြောင်း ၊ စာချုပ်သက်တမ်းစေ့ပါက ရာထူးမှနှုတ်ထွက်ရန်ကိစ္စမှာ မိမိအနေနှင့် ခက်ခဲလှစွာဖြင့် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here