AFC Cup News

AFC Cup သတင်းစာရှင်းလင်းပွဲကျင်းပ

Mar 16 , 2016

AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု (H)တတိယပွဲစဉ်ယှဉ်ပြိုင်ကစားမည့် ဧရာဝတီအသင်းနှင့် အိန္ဒိယကလပ် ဘင်ဂါလူရူးအသင်းတို့၏ သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီတွင် MFFရုံး၌ ကျင်းပသည်။

အိန္ဒိယကလပ် ဘင်ဂါလူရူးအသင်းလက်ထောက်နည်းပြရာဒီက ကျွန်တော်တို့အသင်းနှစ်ပွဲဆက်ရှုံးထားပေ မဲ့ နောက်တစ်ဆင့်တက် ဖို့မျှော်လင့်ချက်ရှိပါသေးတယ်။ ဧရာဝတီအသင်းကိုအနိုင်ရခဲ့ရင်မျှော်လင့်လို့ရပါတယ်။ဧရာဝတီအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်တဲ့ အတွက် လွယ်ကူတဲ့ပွဲမဟုတ်မှတော့သေချာပါတယ် ။အဝေးကွင်းမှခက်ခဲပေမဲ့ အနိုင်ရအောင်ကြိုးစားမှပါ ဟုပြောကြားခဲ့သည်။

ဧရာဝတီအသင်းနည်းပြချုပ် ဦးကျော်လွင်က ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ကျွန်တော်တို့ထပ်ပြီးရင်ဆိုင်ရမှာပါ။ကျွန်တော်အနေနဲ့နိုင်ပွဲထပ်မံရယူနိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။နှစ်သင်းစလုံးအတွက် အဆုံးအဖြတ်ပွဲဖြစ်ပြီး ကျွန်တော်တို့အနိုင်ရအောင်ကြိုးစားမှာပါ  ဟုပြောကြားခဲ့ သည်။AFC Cupဘောလုံးပြိုင်ပွဲ အုပ်စု (H)တွင် ဧရာဝတီအသင်းက တစ်ပွဲနိုင် ၊တစ်ပွဲရှုံး သုံးမှတ်ရရှိထားပြီး အိန္ဒိယကလပ် ဘင်ဂါလူရူးအသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

U Myo Thant

<< Back AFC Cup News


Advertisement
Here