Other World Cup Football News

Junior Sport အကယ်ဒမီကို ယနေ့ဖွင့်မည်

Mar 16 , 2016

နေပြည်တော်အားကစား တက္ကသိုလ်ရှိ Junior Sport အကယ်ဒမီကို ယနေ့မတ် ၁၆ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးငှာနမှ သိရသည်။

အဆိုပါ Junior Sport အကယ်ဒမီတွင် ရန်ကုန် ၊မန္တလေး ၊ မော်လမြိုင်နှင့်တောင်ကြီးမြို့တို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းလေး ခုမှထူးချွန်သည့် အားကစားသမားများအား သီးသန့်ရွေးချယ်ကာ အားကစားနည်း ၁၈ မျိုးကို နိုင်ငံလက်ရွေးစငင်ဟောင်း အားကစား သမားများက သင်ကြားပေးမည်ဖြစ်သည်။

Junior Sport အကယ်ဒမီအတွက် ရန်ကုန် ၊မန္တလေး ၊ မော်လမြိုင်နှင့်တောင်ကြီး ကျောင်းလေးကျောင်းအနက် ရန်ကုန် နှင့် မန္တလေး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှစ်ကျောင်းမှ ကစားသမားအရေအတွက်အများစုရွေးချယ်ခံခဲ့ရသစည်။

မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်လာစေရန် အားကစားဝန်ကြီးငှာနက ရေရှည်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်နေသည့် နေပြည်တော် အားကစားတက္ကသိုလ်ကို ဇမ္ဗူသီရိမြို့နယ်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းအနီး ဆောက်လုပ်လျက်ရှိရာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီးဖြစ်ပြီး  ဖွင့်လှစ်ပြီးပါက အားကစားပညာရပ် B . Sc (Sport ) ဘွဲ့အတွက်လေးနှစ် တက်ရောက်သင်ယူ ရမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here