World CUp 2014 News

ရန်ကုန်လာမည့် ချန်ပီယံလိဂ်ဖလား

Mar 16 , 2016

ကမ္ဘာကျော် ဘောလုံးသမားများ၏အိပ်မက် ဥရောပချန်ပီယံလိဂ်ဖလားကြီး (CHAMPION THE TROPHY )UEFA Champion League  သည် ၂၀၁၆ ခုနှစ်အာရှခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့မတ်၂၀ ရက်တွင်ရောက်ရှိကာ မတ်၂၆ ရက်ထိတစ်ပတ်ကြာမြန်မာဘောလုံးချစ် ပရိသတ်များနှင့်အတူ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်အစီအစဉ် များဆာင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ၂နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ကျင်းပသော အဆိုပါဖလားရောက်ရှိရေး အကြိုသတင်းစာရှင်းလင်းပွဲမှသိရသည်။

ဒီဖလားကြီးကို မြန်မာဘောလုံးချစ်ပရိသတ်တွေဆီ Heineken  R beer က ပထမဆုံးအဖြစ် ယူဆောင်လာမှာဖြစ်ပါတယ်။ဒီဖလားကြီးဟာ ကမ္ဘာ့ဖလားပြီးရင် ကမ္ဘာ့မှာဒုတိယအဆင့်ဖြစ်ပြီး လူစိတ်ဝင်စားဆုံးဖြစ်ပါတယ်။မြန်ာမနိုင်ငံဟာ ဘောလုံးကိုစွဲစွဲလမ်းလမ်းအားပေးတယ်။ဘောလုံးချစ် ပရိသတ်တွေပေါများ တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။မကြာမီရောက်လာမည့် ဒီဖလားကြီးနှင့်အတူ မျိုးဆက်သစ်ဘောလုံး သမားတွေရော ပရိသတ်တွေပါ ဘောလုံးအားကစားစိတ်ဓာတ်တွေတတ်ကြွလာမှာဖြစ်ပါတယ် ဟုဥရောပချန်ပီယံလိဂ်ဖလားကြီး လှည်လည်ရေးကော်မတီမှ Marketing Manager ကိုမျိုးရာဇာကပြောသည်။

ဥရောပချန်ပီယံဖလားကြီးသည်မတ်၂၀ရက်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ရောက် ရှိမည်ဖြစ်သည်။ထိုမှတစ်ဆင့်ဖလားကြီးအားမော်တော်ယာဉ်တန်းများဖြင့်သုဝဏ္ဏအားကစားကွင်းမှအစပြုကာ ရွှေဂုံတိုင် လမ်းဆုံ - ဘုန်းကြီးလမ်း - လှည်းတန်းလမ်းဆုံ -အင်းယားကန်ပြည်လမ်းတစ်လျှောက်မှ လှည့်လည်ကြိုဆိုခံပြီး ဆီဒိုးနားဟိုတယ်တွင် အဆုံးသတ်မည်။

မတ် ၂၁ရက်တွင် ထိုဖလားကြီးနှင့်ပတ်သက်၍ Heineken R Facebook တွင် မေးဖြေလုပ်ကာဖြေဆိုထားသော ရန်ကုန်မြို့ပေါ်ရှိ Beer Bar ၂၀ခုကျော်မှ ဆုရ Union Bar အားဂုဏ်ပြုပွဲပြုလုပ်မည်ဖြစ်သည်။

မတ် ၂၂ရက်နေ့တွင်ဥရောပချန်ပီယံလိဂ်ဖလားကြီးနှင့်ပတ်သက်၍ မြန်မာဘောလုံးချစ်ပရိသတ်များကို Heineken R မှ မေးခွန်းများအား Facebook တွင်ယှဉ်ပြိုင်ဖြေဆိုအနိုင်ရသူများအား ဂုဏ်ပြုမည်ဖြစ်သည်။မတ် ၂၄ရက်တွင် Road to the night လျှို့ဝှက်နေရာတစ်ခုအတွက် Heineken R Facebook တွင်ဘောလုံးချစ်ပရိသတ်များက မေးဖြေပြုလုပ်ခြင်းများအား ရန်ကုန်မြို့ရှိ Bar ရှစ်ခုတွင် ဖြေဆိုပြိုင်ပွဲ များပြုလုပ် မည်ဖြစ်သည်။

မတ်၂၆ရက်တွင် ရန်ကုန်မြို့ ကျိုက္ကဆံရွှေထွဋ်တင်ကွင်း၌ မွန်းလွဲ၁နာရီမှ ည၁၁နာရီအထိ ဥရောပချန်ပီယံလိဂ်ဖလားကြီးမိတ်ဆက်နှင့် ကမ္ဘာကျော်အာဆင်နယ်ဘောလုံးသမားဟောင်း Fredrik Liungberg တို့အား မြန်မာဘောလုံးချစ်ပရိသတ်များနှင့် အနီးကပ်တွေ့ ဆုံခွင့် ရရှိမည်ဖြစ်သည်။ထိုပွဲသို့မည်သူမဆိုလာရောက်နိုင်ပြီး ဥရောပချန်ပီယံလိဂ်ဖလားကြီးအပြင် ကမ္ဘာကျော်ဘောလုံးသမားကြီးနှင့် အတူမည်သူမဆို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် တေးဂီတာဖျော်ဖြေရေးအစီအစဉ်များ ပါဝင်သွားမည်ဖြစ်ကြောင်း ယနေ့ရှင်းလင်းပွဲမှသိရသည်။

ထိုဥရောပချန်ပီယံလိဂ်ဖလားကြီး ရောက်ရှိမှုအဖြစ် Heineken Rမှ လက်ရှိစပိန်နိုင်ငံ အင်ဘတ်ဆာမြို့၌ မေ ၂၇ ရက်တွင် ကျင်းပမည့် ဥရောပချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ်ကြည့်ရှုခွင့်နှင့် Heineken R တက်ရောက်ခွင့်Lucky Draw အစီအစဉ်ကိုပြုလုပ်သွားမည်ဖြစ်သည်။အဆိုပါအစီအစဉ်အတွက် အမြို့မြို့အနယ်နယ်ရှိ City Mark နှင့် Bar ဆိုင်များတွင်မတ်လကုန်အထိ Heineken  R beer ၀ယ်ယူအားပေးခြင်းဖြင့် ကံစမ်းနိုင်သည်။

မတ်၂၇ ရက်တွင် ဥရောပချန်ပီယံလိဂ်ဖလားကြီးမှာ ရန်ကုန်မြို့မှ တစ်ဆင့် ဘရာဇီးနိုင်ငံသိုပလှည့်လည် မည်ဖြစ်သည်။တစ်နှစ်တာ အတွက် နိုင်ငံငါးနိုင်ငံသို့ လှည့်လည်ခြင်းဖြစ်ပြီး လာအို ၊ မြန်မာ ၊ဘရာဇီး ၊ဗီယက်နမ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သို့ လှည့်လည်သွား မည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here