Serie-A News

ကွာတားတက်သော မန်စီးတီး

Mar 16 , 2016

မန်စီးတီးအသင်းမှာအိမ်ကွင်းတွင် ဒိုင်နမိုကိယက်ကိုဂိုးမရှိသရေကစားခဲ့ပြီးနောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်သွားပြီဖြစ်သည်။

မန်စီးတီးအနေနှင့်ပထမအကျော့တွင် ၃း၁ဖြင့်နိုင်ထားခဲ့ခြင်းကြောင့် ဒုတိယအကျော့ပွဲစဉ်တွင် ဖိအားမရှိလှပဲကစားကာ နောက်တစ်ဆင့်တက် ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုပွဲစဉ်တွင် အားထားရသည့် နောက်ခံကစားသမားနှစ်ဦးဖြစ်သည့် ကွန်ပနီနှင့် အိုကာမန်ဒီတို့မှာ ၇မိနစ်နှင့်၂၄မိနစ်တို့တွင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရခြင်းကြောင့် အသင်းအတွက်နစ်နာစေခဲ့ကာ ကွန်ပနီမှာတစ်လခန့်နားရမည်ဖြစ်ပြီး ၎င်းတို့၂ဦးမှာ တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီတွင် ပါနိုင်မည်မဟုတ်ဟုဆိုသည်။

ကက်ပီတယ်ဝမ်းဖလားကိုရရှိထားသော မန်စီးတီးမှနောက်ထပ်ရနိုင်စရာဖလားဟူ၍ချန်ပီယံလိဂ်ဖလားသာရှိနေပြီး ပရီးမီးယားလိဂ်တွင် ဇယားနှင့် ၁၂မှတ်ကွာဟနေခြင်းကြောင့် လွယ်ကူတော့မည်မဟုတ်ပေ။

မန်စီးတီးအနေနှင့်ကွာတားဖိုင်နယ်တွင် မည်သည့်အသင်းနှင့်တွေ့ရမည်ဆိုသည်ကို လာမည့်သောကြာနေ့တွင် သိရမည်ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here