Euro 2016

ပြစ်ဒဏ်ချခံရမည့် ဒေါ့မွန်

Mar 16 , 2016

စပါးနှင့်ကစားခဲ့သည့် ယူရိုပါလိဂ်ပထမအကျော့တွင် စပါးပရိသတ်များထိခိုက်ခံခဲ့ရမှုအတွက် UEFA ကဒေါ့မွန်အသင်းကိုပြစ်ဒဏ် ချမည်ဖြစ်သည်။

ဒေါ့မွန်ကွင်းတွင်ကစားခဲ့ရသည့် ထိုပွဲတွင်စပါးပရိသတ်များမှာ ပွဲမစသေး၍ ပိတ်ထားသော ဂိတ်တံခါးကို တိုးဝှေ့ကျော်ဖြတ် ရန်ကြိုးပမ်းကြခြင်းကြောင့်ဒေါ့မွန်မှ ရဲတပ်ဖွဲ့ဝင်များက စပရေးဘူးများအသုံးပြု၍ လူစုခွဲခဲ့ရပြီး စပါးပရိသတ် ၁၇ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

UEFA အနေနှင့် ၀င်ပေါက်ကိုပိတ်ဆို့ထားခဲ့သော ဒေါ့မွန်အပေါ်ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး မေလ ၁၉ ရက်နေ့တွင် ကြားနာမည်ဟုဆိုသည်။

ဒေါ့မွန်ရဲတပ်ဖွဲ့ဘက်မှလည်း အကျိုးအကြောင်းပြန်လည်ရှင်းလင်းခဲ့ပြီး စပါးပရိသတ်များအဖွဲ့မှ ပူးတွဲဥက္ကဋ္ဌမာတင်က ဤသည်မှာ ဆိုးရွား လှသည်အတွေ့အကြုံတစ်ခုဖြစ်ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

ထိုပွဲတွင်စပါးမှာ ၂းဝဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ကို မနက်ဖြန်ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here