Other World Cup Football News

ပုံစံပြောင်းမည့် ဆူဇူကီးပွဲ

Mar 17 , 2016

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲများတွင် အိမ်ကွင်းလက်ခံသည့် နိုင်ငံပွဲစဉ်မှလွဲ၍ ကျန်ပွဲများတွင် ကြည့်ရှုသူပရိသတ်အလွန်နည်းပါးခြင်းကြောင့် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှစတင်ကာ ပြိုင်ပွဲဝင်အသင်းများကို အိမ်ကွင်း အဝေးကွင်း ကစားသည့်စနစ်ကျင့်သုံးနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံနှစ်နိုင်ငံမှ အုပ်စုတစ်စုစီ တာဝန်ယူလက်ခံကျင်းပလျက်ရှိပြီး အာဆီယံဒေသတွင်း အဆင့်(၁) မှ(၆)အထိအသင်းများမှာတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ကာ အဆင့်(၇)မှ(၁၁)အထိအသင်းငါးသင်း မှာခြေစစ်ပွဲပတ်လည် ကစားရသည်။အမှတ်အများဆုံးနှစ်သင်းသာပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့်စနစ်ဖြစ်ပြီး၂၀၁၆ခုနှစ်ပြိုင်ပွဲအတွက်မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်သည်။

ပြောင်းလဲကျင့်သုံးသည့် ပြိုင်ပွဲပုံစံတွင် အဆင့် (၁)မှ (၇)အထိအသင်းများမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး အဆင့်(၁၀)နှင့် (၁၁)ရှိသည့်အသင်းနှစ်သင်းမှာ ခြေစစ်ပွဲကစား၍ တစ်သင်းဝင်ခွင့်ရမည်ဖြစ်ကာ အသင်း ၁၀သင်းပါဝင်သော ပြိုင်ပွဲကို အုပ်စုနှစ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အိမ်ကွင်း ၊ အဝေးကွင်းကျင့်သုံးစေသည့်ပုံစံမှာ တစ်အုပ်စုတွင် အသင်းငါးသင်းပါဝင်ပါက တစ်သင်းလျှင် အိမ်ကွင်းနှစ်ပွဲ လက်ခံကစားကာ ကျန်နှစ်ပွဲကို အဝေးကွင်းလိုက်ကစားစေမည့်ပုံစံမျိုးဖြစ်၍ ပွဲစဉ်အားလုံးကို အိမ်ကွင်း ၊အဝေးကွင်းကစားစေမည်မဟုတ်သလို နှစ်ကျော့ ကစားမည်လည်းမဟုတ်ကြောင်း သိရသည်။

သို့သော် ယင်းဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရေးအတွက် ဇွန်လအတွင်း ထိုင်းနိုင်ငံ ဖူးခက်၌ကျင်းပမည့် AFF Council အစည်းအဝေး တွင် ဆွေးနွေးအတည်ပြုထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back Other World Cup Football News


Advertisement
Here