Serie-A News

တိုက်စစ်မှုးကိုကမ်းလှမ်းသော ချဲလ်ဆီး

Mar 17 , 2016

 ချဲလ်ဆီးအသင်းသည် PSGမှဆွီဒင်တိုက်စစ်မှုး အီဘရာဟင်မိုဗစ်ကို ပေါင် ၁၉.၅သန်းနှင့်ကမ်းလှမ်းမည်ဟု ဆိုသည်။

အသက် ၃၄နှစ်ရှိပြီဖြစ်သောအီဘရာဟင်မိုဗစ်မှာလာမည့်ရာသီကုန်တွင် PSGနှင့်သက်တမ်းကုန်ဆုံးမည့်သူဖြစ်ပြီး အလွတ်ပြောင်းရွှေ့ ခွင့်ဖြင့်အသင်းပြောင်းနိုင်မည်ဖြစ်သည်။

သူ၏လက်ရှိလစာမှာ တစ်ရာသီလျှင်ပေါင် ၉.၇၅သန်းဖြစ်ပြီး ချဲလ်ဆီးက ထိုနှုန်းနှင့်ပင် ၂နှစ်စာချုပ်ချုပ်ရန် ကြိုးစားမည့်သဘောဖြစ်သည်။

အီဘရာဟင်မိုဗစ်မှာ အမေရိကန်မေဂျာလိဂ်နှင့်တရုတ်စူပါလိဂ်တို့မှ ကမ်းလှမ်းမှုများကို လက်ခံမည်မဟုတ်ပဲ ဥရောပရှိအသင်းကြီးတစ် သင်းသင်းသို့သာပြောင်းမည်ဟုဆိုသည်။

သူ့ကိုမန်ယူနှင့်မီလန်တို့ကလည်း ခေါ်ယူလိုကြောင်း အချို့သတင်းများကဖော်ပြခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here