La-liga News

ကွန်တီအကြောင်းပြောတဲ့ ဘူဖွန်

Mar 17 , 2016

ချဲလ်ဆီးနည်းပြဖြစ်လာတော့မည်ကွန်တီမှာစည်းစနစ်ကျလွန်းသောနည်းပြဖြစ်၍ချဲလ်ဆီးအသင်းသားများသတိထားကြရန် ပြော ဆိုလိုက်သည်။

ဘူဖွန်မှာကွန်တီ၏ဦးဆောင်မှုအောက်တွင်ဂျူဗင်တပ်အသင်းသားဘ၀နှင့်အီတလီလက်ရွေးစင်ဘ၀တို့အဖြစ် ကျော်ဖြတ်ခဲ့ဘူးသူဖြစ် သည်။

အသက်၄၆နှစ်ရှိပြီဖြစ်သော ဂျူဗင်တပ်နည်းပြဟောင်းကွန်တီမှာ ယူရို - ၂၀၁၆ ပြိုင်ပွဲများအပြီးတွင် ချဲလ်ဆီးသို့ရောက်လာမည်ဖြစ်ပြီးထိုအကြောင်းနှင့်ပတ်သက်၍ဘူဖွန်ကကွန်တီဟာတကယ့်စည်းစနစ်ကျတဲ့ နည်းပြမျိုးပါ။သူမှာ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ကစားသမားတွေရဲ့ကွင်းအတွင်းကွင်းအပြင်နေထိုင်မှုဓလေ့စရိုက်တွေအပေါ် စောင့်ကြည့်တက်တဲ့သူပါ။ လေ့ကျင့်ရေးဆင်းနေတဲ့အချိန်မျိုးမှာဖုန်းယူလာတာမျိုးကိုလဲမကြိုက်တဲ့သူမျိုးပေါ့။သူဟာသူနည်းပြဖြစ်ကြောင်းပြတက်တာမျိုးကိုလုပ်လေ့မရှိသူပါ။ကစားသမားတွေကိုပြောဆိုရာမှလည်းလေးစားသမှုနဲ့ပြော တက်ပါတယ်။ဒါပေမယ့်သူချမှတ်ထားတဲ့ ဘယ်စည်းကမ်းကိုမှ သွားမချိုးဖောက်မိဖို့တော့လိုပါတယ် ဟုပြောဆိုသွားခဲ့ပါသည်။

U Myo Thant




<< Back La-liga News


Advertisement
Here