La-liga News

မန်ယူနည်းပြလုပ်ချင်တဲ့ စတမ်း

Mar 17 , 2016

ဟော်လန်သားမန်ယူနောက်ခံလူဟောင်းကြီးဖြစ်သူ ဂျပ်စတမ်းကသူသည် တစ်နေနေ့တွင် မန်ယူနည်းပြဖြစ်လာရန် ရည်မှန်း ထားကြောင်း ပြောဆိုလိုက်သည်။

စတမ်းမှာ မန်ယူတွင် ၁၉၉၈ မှ ၂၀၀၁အထိကစားခဲ့သူဖြစ်ပြီး ယခုလောလောဆယ်တွင် ဟော်လန်ကလပ်အေဂျက်၏ယူ-၂၁အသင်းကို ကိုင်တွယ်နေသူဖြစ်သည်။

စတမ်းမှလွန်ခဲ့သောရာသီတွင်နည်းပြသင်တန်းများတက်ရောက်ခဲ့ကာလိုင်စင်ရခဲ့ပြီးဖြစ်ပြီးဟော်လန်ကလပ်အချို့ကသူ့ကိုခေါ်ယူရန်စိတ်ဝင်စားကြသော်လည်းသူကအင်္ဂလန်မြေသို့လာလိုကြောင်း ပြောဆိုခဲ့ သည်။

သူက လူတွေကကျနော်ကိုပြောကြတယ်။အေဂျက်နည်းပြဒီဘိုးဝါးထွက်သွားရင်အဲဒီနေရာမှာ ကျနော်ဖြစ်နိုင်သတဲ့။ဒါပေမဲ့ကျနော်ဟာမန်ယူ နည်းပြဖြစ်ချင်သလိုအင်္ဂလန်က အသင်းတစ်သင်းသင်းကိုစပြီး တာဝန်ယူချင်ပါတယ်။ဒါကြောင့်ဒီရာသီအကုန် မှာ အေဂျက်နဲ့ကျနော်တို့ စာချုပ်စေ့ပြီးမို့ ကျနော်တောင်းတနေတဲ့ဆန္ဒတွေပြည့်ဝဖို့ ကျနော်အားထုတ်သွားမှာပါ ဟုပြောဆိုသွားခဲ့သည်။

စတမ်းမှာမန်ယူတွင် ကစားခဲ့သည့် ၃ရာသီအတွင်း ပရီးမီးယားဖလား၃ကြိမ် ၊ FAဖလား၁ကြိမ် ၊ ချန်ပီယံဖလား ၁ကြိမ်ရခဲ့သူဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here