La-liga News

စံချိန်သစ်၂ခုနှင့်ဘိုင်ယန်

Mar 17 , 2016

ပရိသတ်၇သောင်းလာရောက်အားပေးခဲ့သော ဘိုင်ယန်-ဂျူဗင်တပ်တို့၏ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွင် ဘိုင်ယန်က အချိန် ပိုကစားကာ ၄း၂နှင့်နိုင်ခဲ့ပြီးချန်ပီယံလိဂ်တွင် စံချိန်သစ်နှစ်ခုတင်နိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် ဧည့်သည်ဂျူဗင်တပ်အသင်းက ပထမပိုင်းတွင် ၂ဂိုးပတ်ဖြင့် ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ၇၃မိနစ်နှင့်နာကျင်အချိန်ပို၁မိနစ် တို့တွင် ဘိုင်ယန်ကဂိုးပြန်သွင်းနိုင်ခဲ့သဖြင့် နှစ်ကျော့ပေါင်း ၄း၎ရလဒ်ဖြစ်နေသောကြောင့် အချိန်ပိုဆက်ကစားရာ၌ ဘိုင်ယန်ကနောက်နှစ်ဂိုး သွင်းယူကာ ကွာတားဖိုင်နယ်တက်သွားခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်အနေနဲ့ယခုကဲ့သို့ ကွာတားဖိုင်နယ်သို့တက်နိုင်ခဲ့ခြင်းမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ၁၅ကြိမ်ရှိခဲ့ပြီဖြစ်ပြီး အခြားမည့်သည် အသင်းမျှ ထိုစံချိန်ကို လိုက်မမီသေးဘဲ စံချိန်သစ်တင်နိုင်ခြင်းဖြစ်သည်။

ထို့အပြင် ဘိုင်ယန်မှာ ချန်ပီယံလိဂ်နောက်ဆုံးအိမ်ကွင်း၇ပွဲတွင် ၃ဂိုးနှင့် ၃ဂိုးအထက် သွင်းနိုင်ခဲ့သောပွဲများ သာဖြစ်ခဲ့သဖြင့်နောက်ထပ် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစံချိန်ကို ဘာစီလိုနာပင် လိုက်မမီသေးပေ။

ကွာတားဖိုင်နယ်ပွဲစဉ်များကို မနက်ဖြန်တွင် မဲနှိုက်နေရာချထားမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here