La-liga News

အတော်ရုန်းရမယ်ဆိုတဲ့ ဗန်ဂေါလ်

Mar 17 , 2016

ယနေ့ညလီဗာပူးနှင့်တွေ့ရမည်ယူရိုပါလိဂ်အဆုံးအဖြတ်ပွဲတွင် မိမိတို့အနေနှင့်အတော်ပင်ရုန်းကစားရလိမ့်မည်ဟု မန်ယူနည်းပြဗန်ဂေါလ် ကပြောဆိုလိုက်သည်။

မန်ယူအသင်းမှာပထမအကျော့တွင်၂းဝဖြင့်ရှုံးထားခဲ့ခြင်းကြောင့်ယနေ့ညပွဲတွင်၃ဂိုးပြတ်ဖြင့်နိုင်မှသာ နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်ပြီးအကယ်၍၃း၁ဖြင့်နိုင်ခဲ့ပါကအဝေးဂိုးစည်းမျဉ်းအရထွက်ရလိမ့် မည်ဖြစ်သည်။

မန်ယူအသင်းမှာ ပြိုင်ပွဲအားလုံး၏နောက်ဆုံး၃ပွဲတွင် နိုင်ပွဲမရှိခဲ့သဖြင့် ယနေ့ညပွဲအတွက် ပရိသတ်များက စိတ်ပူပင်လျက်ရှိနေသည်။

ဗန်ဂေါလ်ကပွဲစရမှကတော့ကစားသမားတွေနဲ့ပါ။ဒါပေမယ့် ပရိသတ်တွေကလည်း  ပွဲစကတည်းက အကောင်းဆုံးအားပေးကြဖို့လိုပါတယ် ဟုပြောဆိုလိုက်သည်။

မန်ယူအနေနဲ့ပထမအကျော့တွင်ရှုံးထားခဲ့သော်လည်းဒုတိယအကျော့တွင်ပြန်နိုင်ကာနောက်တစ်ဆင့်တက်နိုင်ခဲ့သောပွဲများရှိခဲ့ဘူးပြီးဥရောပရှုံးထွက်ဖလားအဖြစ် ဘာစီလိုနာနှင့်ကစားရာတွင်အဝေးကွင်း၌ ၂းဝဖြင့်ရှုံးခဲ့သော်လည်း အိမ်ကွင်းတွင် ၃းဝဖြင့်အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ခဲ့ခြင်းဖြင့်ယခု ရာသီယူရိုပါလိဂ်၃၂သင်း အဆင့်တွင်မစ်ဂျေးလန်းကို အဝေးကွင်းတွင် ၂း၁ဖြင့်ရှုံးခဲ့သော်လည်း အိမ်ကွင်းတွင် ၅း၁ဖြင့်နိုင်ကာယခုကဲ့သို့ ၁၆ သင်းအဆင့်သို့ တက်ခဲ့သည့်ပွဲများဖြစ်ကြသည်။

လီဗာပူးအသင်းမှာယခုဖလားကို ၂၀၀၁တွင်ရခဲ့ဘူးပြီး ယခုရာသီဖလားရရေးမှာလည်း ဤဖလားပွဲတစ်ခုတွင်သာမျှော်လင့်နိုင်မည်ဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here