La-liga News

မန်ယူနှင့်စပါး ထွက်ရပြီ

Mar 18 , 2016

ပရီးမီးယားလိဂ်အသင်း၂သင်းဖြစ်သော မန်ယူနှင့်စပါးတို့မှ ယူရိုပါလိဂ်မှ ထွက်လိုက်ရပြီဖြစ်သည်။

မန်ယူအသင်းမှာယူရိုပါလိဂ်ရှုံးထွက်အဆင့်တွင် ပရီးမီးယားပြိုင်ဘက်လီဗာပူးနှင့်တွေ့ဆုံခဲ့ကာ ပထမအကျော့တွင် ၂းဝဖြင့်ရှုံးခဲ့ပြီး ဒုတိယ အကျော့တွင်တစ်ဂိုးစီသရေသာကစားနိုင်သဖြင့် ထွက်ခဲ့ရသကဲ့သို့ စပါးမှလည်း ဘွန်ဒစ်လီဂါထိပ်သီးဒေါ့မွန်ကို ပထမအကျော့တွင် ၃းဝ၊ဒုတိယအကျော့တွင် ၂း၁တို့ဖြင့်ရှုံးကာ ထွက်ခဲ့ရခြင်းဖြစ်သည်။

ကွာတားဖိုင်နယ်အဆင့်သို့တက်သွားသော အသင်းများမှာ လီဗာပူး၊ဒေါ့မွန် ၊ စပါတာပရပ် ၊ ဘီဘာအို ၊ ဗီလာရီးရဲလ် ၊ စပို့တင် ၊ ဆီဗီးလား နှင့်ရှက်တာဒိုးနက်အသင်းများဖြစ်ကြပြီး ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ကွာတားဖိုင်နယ်မဲခွဲခြင်းကို ယနေ့နှောင်းပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။

ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်တက်ခဲ့သော အသင်းများမှာ မန်စီးတီး ၊ အက်သလက်တီကို ၊ဘိုင်ယန် ၊ ဘာစီလိုနာ ၊ ရီးရဲလ် ၊ ၀ုဘတ် ၊ PSG နှင့်ဘင်မီကာအသင်းများဖြစ်ကြသည်။

U Myo Thant




<< Back La-liga News


Advertisement
Here