La-liga News

အထုတ်ခံရသော နဗီးလ်

Mar 18 , 2016

ဘီဘာအိုအသင်းအား ၂း၁ဖြင့်နိုင်ခဲ့သော ပွဲစဉ်တွင် ဗလင်စီယာနည်းပြ နဗီးလ်မှာကွင်းလယ်ဒိုင်၏ထုတ်ပယ်ခြင်းကို ခံရပြီး ပွဲကြည့်စင်မှ သွားကြည့်ခဲ့ရသည်။

နောက်ဆုံး၃ပွဲလုံးရှုံးထားသဖြင့် ဖိအားရှိနေသောနဗီးလ်မှာ ယခုပွဲစဉ်တွင် အသင်းကိုအကောင်းဆုံး လူစာရင်းနှင့်ကစားစေနိုင်ခဲ့ပြီး ၂း၁ဖြင့်နိုင်ခဲ့သော်လည်း ပထမအကျော့က ၁းဝဖြင့်ရှုံးထားခြင်းကြောင့် အဝေးဂိုးစည်းမျဉ်းအရ ဘီဘာအိုက ကွာတားတက်သွားခဲ့သည်။

ဗလင်စီယာအသင်းမှာ ပထမပိုင်းတွင် ၂းဝဖြင့် နိုင်နေသဖြင့် အခြေအနေကောင်းနေခဲ့သော်လည်း ၇၅မိနစ်တွင် အေဒူရစ်က ဘီဘာအိုအတွက် အဖိုးတန်အဝေးကွင်းဂိုး သွင်းယူပေးခဲ့ပြီး ယင်းဂိုးမကန်မီတွင် လက်ထိဘောဖြစ်သည်ဟု နဗီးလ်ကစောဒကတက်ခဲ့သော်လည်း မရခဲ့ သဖြင့်  ဒေါသတကြီးပြောဆိုနေသောကြောင့် ဒိုင်ကပွဲကြည့်စင်သို့ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

စပိန်အသင်းများထဲမှ လက်ရှိချန်ပီယံဆီဗီးလားမှာနောက်တစ်ဆင့် တက်နိုင်သကဲ့သို့ ဘီဘာအိုနှင့်ဗီလာရီးရဲလ်တို့လည်း နောက်တစ် ဆင့်တက်နိုင်ခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here