Europe News

မာကိုဗစ်ကိုချီးကျူးတဲ့ ကော်စတာ

Jul 25 , 2014

ဘင်ဖီကာ အားကစားဒါရိုက်တာ ရူအီကော်စတာက မာကိုဗစ်မှာ လီဗာပူးတွင် ထွန်းတောက်လာမည့်ကြယ်တစ်ပွင့်ဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်သည်။

မာကိုဗစ်မှာ လွန်ခဲ့သော ဇူလိုင် ၁၆ ရက်နေ့တွင် ပြောင်းရွှေကြေး ပေါင်သန်း ၂၀ ဖြင့် ဘင်ဖီကာမှ လီဗာပူးသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။

လီဗာပူးအသင်းမှာ ဆွာရက်ဇ်ကို ထုတ်ရောင်းခဲ့ပြီးနောက် မာကိုဗစ်အပါအ၀င် အမ်မရီကန်၊ လယ်လာနာနှင့် လမ်းဘတ်တို့ကို လည်း ခေါ်ယူခဲ့ပြီး ဖြစ်သည်။

ဖီအိုရင်တီးနား၊ မီလန်တို့တွင် ကစားခဲ့သော ကော်စတာမှာ ဖီရိုအပါအ၀င် ပေါ်တူဂီရွှေရောင်မျိုးဆက်များတွင် ပါဝင်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀မှ အနားယူပြီးသည့်နော် ဘင်ဖီကာတွင် အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေသူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here