Bundesliga News

မန်စီးတီးကိုလေးစားတဲ့ ဘလန့်စ်

Mar 19 , 2016

ချန်ပီယံကွာတားဖိုင်နယ်တွင်တွေ့ရမည့် မန်စီးတီးအသင်းမှာမိမိလေးစားသောအသင်းတစ်သင်းဖြစ်ကြောင်း PSGနည်းပြဘလန့်ကပြောဆို လိုက်သည်။

ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များကို  ယမန်နေ့က မဲခွဲခဲ့ခြင်းဖြစ်ပြီး PSGအနေနှင့် ရှုံးထွက်အဆင့်တွင် ပရီးမီးယားကလပ် ချဲလ်ဆီးနှင့်တွေ့ခဲ့ပြီးနောက် မန်စီးတီးနှင့်ထပ်တွေ့ရခြင်းဖြစ်သည်။

ဘလန့်က မိမိတို့အသင်းအနေနှင့် ယခုအဆင့်မျိုးတွင်ပိုမိုခက်ခဲသောပြိုင်ဘက်များနှင့်တွေ့ရမည်ကိုမျှော်မှန်းထားပြီးဖြစ်ကြောင်း သို့သော် မန်စီးတီးနှင့်ဆုံမည်ဟု မမျှော်လင့်ထားကြောင်း မန်စီးတီးမှာနည်းပြကောင်းတစ်ဦးရှိနေသည့် အသင်းကောင်းတစ်သင်းဖြစ်ပြီး မိမိတို့အနေနှင့် သတိထားကစားသွားရမည့်အသင်းနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း မန်စီးတီးမှာကစားပုံကောင်းသကဲ့သို့ လှပသောကစားကွက်များနှင့် ကစားတက်သောအသင်းဖြစ်ကြောင်း မိမိအနေနှင့်မန်စီးတီးနှင့်ကစားရမည် ၂ပွဲမှာ ပွဲကောင်း၂ပွဲဖြစ်လာမည်ဟု ယုံကြည်ထားကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Bundesliga News


Advertisement
Here