Europe News

သက်တမ်းတိုးသော ဂျန်

Jul 25 , 2014

တိုက်စစ်မှူး အဆာမိုအာ ဂျန်သည် လက်ရှိကစားနေသော အယ်လ်အိန်းကလပ်နှင့် ၂၀၁၈ အထိ သက်တမ်းတိုးစာချုပ်ချုပ် ဆိုခြင်း ဖြစ်သည်။

ဂါနာလက်ရွေးစင် ကပ္ပတိန်ဂျန်မှာ ကမ္ဘာ့ဖလားပွဲအပြီး ကလပ်သို့ပြန်ရောက်၍ မကြာမီမှာပင် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း အယ်လ်အိန်းကလပ် ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဆန်းဒါးလန်းအသင်းတွင် ကစားခဲ့သော ဂျန်မှာ  အယ်လ်အိန်းနှင့် စာချုပ်သက်တမ်း ၂ နှစ် ကျန်သေးသော်လည်း အသင်းတာဝန် ရှိသူများက  ပင်လယ်ကွေ့နိုင်ငံများရှိ ကလပ်များတွင် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေသော သူ့ကို လက်မလွှတ်လို၍ စာချုပ်သက်တမ်း တိုးခဲ့ခြင်း ဖြစ်သည်။

ဂျန်က UAE ကလပ် အယ်လ်အိန်းနှင့် သက်တမ်းတိုးခွင့်ရခဲ့ခြင်းအပေါ်များစွာ ၀မ်းသာကြောင်း ကလပ်တာဝန်ရှိသူများကို ကျေးဇူး တင်သကဲ့သို့ ပရိသတ်များအတွက် အကောင်းဆုံးပေးဆပ် သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ သူသည် အယ်လ်အိန်း အတွက် လိဂ်ပွဲ ၆၆ ပွဲ ကစားပြီး ၈၂ ဂိုး သွင်းထားသူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here