La-liga News

ဘင်နီတက်ဇ်အတွက် ပွဲမလုံလောက်ဟုဆို

Mar 22 , 2016

လက်ကျန်၈ပွဲဆိုသည်မှာ နည်းပြဘင်နီတက်ဇ်အတွက် နယူးကာဆယ်ကိုကယ်တင်ရန် လုံလောက်သည့် ပမာဏာမဖြစ်နိုင်ဟု ဆန်းဒါးလန်း ဂိုးသမား မန်နိုနီက ပြောဆိုလိုက်သည်။

ရီးရဲလ်နည်းပြဟောင်း ဘင်နီတက်ဇ်မှာ ယခုလအတွင်း မက္ကလာရင်ကိုဆက်ခံကာ နယူးကာဆယ်နည်းပြဖြစ်လာခဲ့ပြီး ပထမဆုံးကိုင်တွယ် ရသည့်ပွဲတွင် လက်စတာကိုရှုံးခဲ့ကာ ဒုတိယပွဲအဖြစ် ဆန်းဒါးလန်းနှင့်ပွဲတွင် သရေကျခဲ့သည်။

နယူးကာဆယ်အနေနှင့်တန်းဆင်းဇုန်လွတ်သည့်နေရာနှင့်၃မှတ်ကွာဟနေပြီး လက်ကျန်၈ပွဲတွင် ရုန်းထွက်နိုင်ရေးမှအတော်ပင်ခက်ခဲ မည်ဟု မန်နိုနီကပြောခဲ့သည်။

ဘယ်လိုအသင်းမျိုးကိုပဲဖြစ်ဖြစ် လက်ကျန်နှစ်လလောက်မှာမှ ရောက်လာတဲ့နည်းပြတိုင်းဟာ ချက်ချင်းအထိုင်ကျအဆင်ပြေသွားဖို့ဆိုတာ မလွယ်ပါဘူး။အထူးသဖြင့် တန်းဆင်းဇုန်ကရုန်းရမယ့်နည်းပြသစ်တွေပါဟု မန်နိုနီကဆက်လက်ပြောဆိုသွားခဲ့သည်။

တန်းဆင်းရမည့် ၃နေရာတွင် ဗီလာအတွက် ၁နေရာသေချာနေပြီဖြစ်ပြီး ကျန်၂နေရာအတွက် နယူးကာဆယ်၊ဆန်းဒါးလန်းနှင့်နောဝစ် ၃သင်းထဲမှ၂သင်းပါဝင်သွားနိုင်ပြီး ကျန်အပေါ်အသင်းများမှာ တန်းဆင်းဇုန်နှင့် ၇မှတ်ခန့်ကွာဟနေသောကြောင့် နယူးကာဆယ်၊ ဆန်းဒါးလန်း၊ နောဝစ်တို့အနေနှင့် တန်းမဆင်းရရေး အသေအလဲ ကစားကြရဦးမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here