La-liga News

စိတ်လှုပ်ရှားဖွယ်ရာ စတိတ်ဒီဖရန့်စ်

Mar 22 , 2016

ပြင်သစ်အသင်းနည်းပြ အက်စ်ချမ့်က ပြင်သစ်အသင်း၏လာမည့် ခြေစမ်းပွဲအတွက် စတိတ်ဒီဖရန့်စ်ကွင်းသို့ပြန်သွားရမည့်ပွဲစဉ်မှ စိတ်လှုပ်ရှားစရာများနှင့်ပြည့်နေမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

၂၀၁၅ နိုဝင်ဘာလအတွင်း လူပေါင်း ၁၃၀ သေဆုံးခဲ့ရသော အကြမ်းဖက်တိုက်ခိုက်မှုတွင် စတိတ်ဒီဖရန့်စ်ကွင်းမှာလည်း ပစ်မှတ်တစ်ခု အဖြစ်ပါဝင်ခဲ့ပြီး ထိုတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ပြင်သစ်နှင့်ဂျာမနီတို့ ယှဉ်ပြိုင်နေကြသည့် အချိန်ဖြစ်သည်။

ပြင်သစ်မှလာမည့် ၂၉ရက်နေ့တွင် ယူရို ၂၀၁၆အကြိုအဖြစ် ရုရှနှင့်ယင်းကွင်းကြီးတွင် ခြေစမ်းပွဲကစားရန်စီစဉ်ထားပြီး ပရိသတ်များ အနေနှင့် စိတ်လှုပ်ရှားနေကြမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဖြစ်ခဲ့သူဒက်စ်ချမ့်ကအဲဒီအဖြစ်အပျက်ကိုဘယ်သူမှမေ့နိုင်ကြမှမဟုတ်ပါဘူး။ဒါပေမယ့်အဲဒီအကြောင်းတွေပြန်ပြောဖို့တော့လိုတော့မှာမဟုတ်ပါဘူး။ကျနော် တို့ရှေ့ဆက်သွားကြမှပါ။လုံခြုံစိတ်ချမှုရှိတဲ့ ခံစားချက်တွေနဲ့ပေါ့ ဟုပြောဆိုခဲ့သည်။

ပရိသတ် ၈၁၃၃၈ ၀င်ဆံ့သော ယင်းကွင်းကြီးတွင် လာမည့်ဇွန်လ ၁၀ရက်မှ ဇူလိုင်၁၀ရက်အထိကျင်းပမည့် ယူရို ၂၀၁၆ အဖွင့်ပွဲစဉ်ကို ကျင်းပမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် အိမ်ရှင်ပြင်သစ်နှင့် ရိုမေးနီးယားတို့ကစားရမည့်ပွဲဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here