La-liga News

တစ်ကမ္ဘာလုံး လက်စတာဆိုတဲ့နည်းပြ

Mar 22 , 2016

နည်းပြရေနီယာရီက ယခုအချိန်တွင် ကမ္ဘာ့လုံးလက်စတာအသင်းအကြောင်းသာပြောနေကြကြောင်း သူ့အသင်းနှင့်ပတ်သက်၍ ဂုဏ်ယူ ၀င့်ကြွားလိုက်သည်။

ရာသီမစမီက လက်စတာမှာတန်းဆင်းဇုန်တိုက်ပွဲနွဲရလိမ့်မည်ဟု ထင်ကြေးပေးခံခဲ့ရသော်လည်း ယခုပွဲစဉ်၃၀ပြီးဆုံးသွားချိန်တွင် လက်စတာမှာအနီးဆုံးပြိုင်ဘက်ကို ၅မှတ်ဖြတ်၍ ပရီးမီးယားအမှတ်ပေးဇယားကိုဦးဆောင်နေဆဲဖြစ်သည်။

ရေနီယာရီက ကျနော်အီတလီကိုခဏပြန်တုန်းက လူတွေက လက်စတာအကြောင်းကိုပဲပြောနေကြတယ်။ခုချိန်မှာလက်စတာ ဘယ်မှရှိတယ် ဆိုတာ တစ်ကမ္ဘာ့လုံးက သိနေကြပါပြီ။CNNကိုကြည့်မိပြန်တော့လည်း လက်စတာအကြောင်းပါပဲ။ လက်စတာနှင့်ပတ်သက်လို့လူတွေ ဘာကြောင့် ဒီလိုပြောနေကြတာလဲဟု သူကပြောဆိုခဲ့သည်။

၇-ပွဲကစားရန်ကျန်သော လက်စတာမှာလာမည့် ဧပြီ ၃ရက်နေ့တွင် ဆောက်သင်တန်နှင့်ကစားရမည်ဖြစ်ပြီး ယင်းနောက်တွင် တန်းမဆင်း ရရေးရုန်းနေရသော ဆန်းဒါးလန်း၊အဆင့်၎ရရန်ကြိုးစားနေသော မန်ယူ၊၀က်စ်ဟမ်းနှင့် အတူ ချဲလ်ဆီးနှင့်ပါကစားရန် ကျန်ရှိနေဆဲဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here