La-liga News

လက်ထဲမရောက်သေးဘူးဆိုတဲ့ ရှမိုက်ကယ်

Mar 22 , 2016

လက်စတာဂိုးသမားရှမိုက်ကယ်က မိမိတို့လက်ထဲသို့ ချန်ပီယံဆုဖလားရောက်မလာသေးသဖြင့် ကစားသမားများအနေနှင့် ပိုမိုအာရုံစိုက်ကြ ရန် သတိပေးပြောဆိုလိုက်သည်။

လက်စတာအသင်းမှာအနီးဆုံးပြိုင်ဘက် စပါးထက်၅မှတ်အသာဖြင့် ဦးဆောင်နေချိန်တွင် ရှမိုက်ကယ်က ကျနော်တို့ဘာအောင်မြင်ဆုဖလား မှမရသေးပါဘူး။ဒီတော့ဆုဖလားတွေအကြောင်း အမှတ်သာနေတာတွေအကြောင်း ပြောနေကြတာတွေကိုခဏထားပြီး စိတ်အေးအေးနှင့် လာမည့်ပွဲတွေကိုအာရုံစိုက်ဖို့ အားထုတ်ရမှာပါ။နောက်ထပ်၇ပွဲတောင်ကစားရဦးမှမို့ ဒါဟာအတော်ရှည်လျားတဲ့ခရီးတစ်ခု၊အမှားမရှိတဲ့ ခရီးဖြစ်ဖို့ သတိထားရမှဖြစ်ပါတယ်။ကျနောတို့အပေါ်မှာ ဘာဖိအားမှမရှိပဲ ကစားဖို့လိုပါတယ်။ကျနော်တို့အနေနဲ့လောလောဆယ် ဥရောပ၀င်ခွင့်တော့သေချာပြီလို့ပြောရမှာပါဟု ပြောဆိုသွားခဲ့သည်။

ဒိန်းမတ်FA၏၁နှစ်တာအကောင်းဆုံးကစားသမားဆုကို ယမန်နေ့က ရရှိခဲ့သော ရှမိုက်ကယ်မှာ မန်ယူဂိုးသမားဟောင်းကြီးရှုမိုက်ကယ်၏သားဖြစ်ပြီးလက်စတာအနေနဲ့လက်ကျန်ပွဲများအဖြစ် အိမ်ကွင်းတွင် ဆောက်သင်တန်၊ ၀က်စ်ဟမ်း၊ဆွမ်ဆီး၊အဲဗာတန်၊အဝေးကွင်းတွင် ဆန်းဒါးလန်း၊မန်ယူ၊ချဲလ်ဆီးအသင်းများနှင့်ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here