Euro 2016

ချစ်သူများမလာရဆိုတဲ့ နည်းပြ

Mar 22 , 2016

ဝေလအသင်းနည်းပြ ခရစ်ကိုးလ်မန်းက ယူရို ၂၀၁၆အုပ်စုပြိုင်ပွဲပွဲစဉ်ကာလအတွင်း အသင်းသားများတည်းခိုသည့် ဟိုတယ်သို့ ကစား သမားများ၏မိသားစုများ၊ချစ်သူဇနီးမယားများမည်သူမျှမလာရဟု စည်းကမ်းချက်ထုတ်ပြန်လိုက်သည်။

ကိုးလ်မန်း၏ယခုထုတ်ပြန်ချက်မှာ ယခင်ကအင်္ဂလန်အသင်းကိစ္စအတွက် အမှတ်ရစရာဖြစ်စေခဲ့သည်။၂၀၁၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းနည်းပြအဲရစ်ဆင်က ကစားသမားများကို ၎င်းတို့၏ချစ်သူများနှင့်ဟိုတယ်တွင်အတူနေထိုင်ခွင့်ပေးခဲ့ပြီး အသင်းမှာ ထိုပွဲစဉ်မှ အလဲလဲအကွဲကွဲနှင့်ထွက်ခဲ့ရဘူးသည်။

ကိုးလ်မန်းက ကျနော်တို့က ရှုံးထွက်အဆင့်ကိုတက်ရမယ်လို့ယုံကြည်ထားတဲ့အတွက် အဲဒီအဆင့်ရောက်ဖို့အုပ်စုပွဲ၃ပွဲမှာ ရလဒ်ကောင်း ဖို့လိုပါတယ်။ရလဒ်ကောင်းဖို့ဆိုတာကစားသမားတွေရဲ့အာရုံစူးစိုက်မှုကအရေးကြီးပါတယ်။ဒါကြောင့်အဲဒီအုပ်စုပွဲစဉ်၃ပွဲ မပြီးခင်မှာ ကစား သမားတွေကို သူ့တို့ရဲ့ မိသားစုတွေ၊ချစ်သူတွေနဲ့ပေးမတွေ့စေပါဘူး ၊အာရုံများမှာစိုးလို့ပါ၊ရှုံးထွက်အဆင့်တက်ပြီဆိုရင်တော့ နားရက် ကလည်းရမှာမို့ အဲဒီအချိန်မှတွေ့ခွင့်ပေးပါ့မယ်ဟု ပြောဆိုသွားခဲ့သည်။

ဝေလအသင်းမှာအုပ်စုပထမပွဲစဉ်အဖြစ် ဇွန်လ၁၁ရက် ဘော်ဒိုးတွင်စလိုဗက်ကီးယား၊ဒုတိယပွဲစဉ်အဖြစ် ဇွန်လ၁၆ရက် လန်းစ်တွင် အင်္ဂလန် ၊တတိယပွဲစဉ်အဖြစ် ဇွန်လ၂၀ရက် တူးလောက်စ်တွင် ရုရှတို့နှင့်ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here