Other World Cup Football News

ကမ္ဘာ့ဖလားခြေစစ်ပွဲဒိုင်လုပ်မည့် ဦးထွန်းလှအောင်

Mar 24 , 2016

ရုရှားနိုင်ငံ၌ကျင်းပမည့်၂၀၁၈ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲနှင့်ယူအေအီးနိုင်ငံ၌ကျင်းပမည့်၂၀၁၉အာရှဖလားပြိုင်ပွဲခြေစစ်ပွဲအဖြစ်ကစားမည် တောင်ကိုရီးယားအသင်းနှင့်လက်ဘနွန်အသင်းတို့၏ပွဲစဉ်တွင် ကြီးကြပ်ဆောင်ရွက်ရန် မြန်မာနိုင်ငံဒိုင်ကော်မတီမှ ဦးထွန်းလှအောင်က သွားရောက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

FIFAရဲ့တာဝန်ပေးအပ်ချက်နှင့် MFFရဲ့ခွင့်ပြုချက်အရ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ယူအေအီးနိုင်ငံတွင်ကျင်းပမည့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ မှာ တောင်ကိုရီးယားနှင့်လက်ဘနွန်ကစားမယ့်ပွဲကို ကြီးကြပ်ဒိုင်အဖြစ် ဆောင်ရွက်ဖို့သွားရောက်မှဖြစ်ပါတယ်ဟု၎င်းကပြောသည်။

လက်ရှိတွင် ဦးထွန်းလှအောင်သည် တောင်ကိုရီးယားနိုင်ငံသို့ထက်ခွာသွားပြီး အာရှဘောလုံးအဖွဲ့ချုပ်ကပေးအပ်ထားသည့် AFC လက်မှတ်ကိုရရှိထားခြင်းကြောင့်ယခုကဲ့သို့ AFCအဆင့်ပွဲစဉ်များကို သွားရောက်တာဝန်ယူနိုင်ခြင်းဖြစ်ကြောင်းနှင့် ယခင်ပြိုင်ပွဲများစွာတွင် ကြီးကြပ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

U Myo Thant




<< Back Other World Cup Football News


Advertisement
Here