Euro 2016

ကွင်းသစ်ရွှေ့မည့် ၀က်စ်ဟမ်း

Mar 24 , 2016

လာမည့် ၂၀၁၆-၁၇ရာသီတွင် ၀က်စ်ဟမ်းအသင်းခေတ္တပြောင်းရွေ့ကစားမည့် အိုလံပစ်ကွင်းမှာ ပရိသတ်၆သောင်း ကြည့်ရှုနိုင်သောကွင်း အဖြစ် အဆင့်မြှင့်တင်ထားမည်ဟုဆိုသည်။

ဝက်စ်ဟမ်းအသင်းက ကွင်းမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ပရိသတ်ပိုမိုဝင်ဆံ့သော ကွင်းဖြစ်ရန်ကြိုးစားမည်ဖြစ်ပြီး ၂၀၁၆-၁၇ရာသီတွင် အိမ်ကွင်းပွဲများကို ထိုကွင်းတွင်ကစားမည်ဖြစ်သည်။

ဝက်စ်ဟမ်းဒုဥက္ကဋ္ဌ ဘရာဒီကယခုကဲ့သို့ပရိသတ်၆သောင်းဝင်ဆံ့သည့်ကွင်းအဖြစ်အဆင့်မြှင့်တင်သွားမည့်သတင်းသည် ပရိသတ် များအတွက် ၀မ်းသာကျေနပ်စရာသတင်းဖြစ်လိမ့်မည်ဟုယုံကြည်ကြောင်း မိမိတို့အနေနှင့် လာမည့်ရာသီတွင် ဥရောပပွဲများကစားခဲ့ပါက ယခုကဲ့သို့သော ကွင်းမျိုးရှိထားခြင်းမှာ ပို၍အဆင်ပြေစေနိုင်ကြောင်း ၀က်စ်ဟမ်းပရိသတ်များမှာ ပရိသတ်ကောင်းများအဖြစ် ကမ္ဘာတွင် ထင်ရှားသူများဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဝက်စ်ဟမ်းအသင်းမှာ လက်ရှိအချိန်တွင် မန်ယူနှင့်အမှတ်တူဂိုးကွာခြားချက်အသာဖြင့် ယူရိုပါလိဂ်ဝင်ခွင့်ရ အဆင့်၅နေရာတွင်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ အဆင့်၎နှင့်၁မှတ်အကွာနေရာ ဖြစ်သည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here