Euro 2016

ကြောက်စရာမရှိဆိုတဲ့ နည်းပြ

Mar 29 , 2016

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရာပြောင်းရွှေ့ကျင်းပရသော်လည်း မိမိတို့ဘောလုံးလောကတွင် ထိတ်လန့်တုန်လှုပ်စရာ မရှိကြောင်း ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကပြောဆိုလိုက်သည်။

ပေါ်တူဂီအသင်းမှာ ဘယ်လ်ဂျီယံမြေတွင် ဘယ်လ်ဂျီယံနှင့်ခြေစမ်းရန်စီစဉ်ထားသော်လည်း ဘယ်လ်ဂျီယံမြို့တော်၏ ဘရပ်လ်ဆဲ တွင်အကြမ်းဖက်မှုများကြောင့် လူအများသေဆုံးခဲ့ရပြီးနောက် ခြေစမ်းပွဲကိုပေါ်တူဂီတွင်ပြောင်းရွှေ့ကျင်းပရန်စီစဉ်လိုက်ခြင်းဖြစ်သည်။

နှစ်ဘက်အသင်းတာဝန်ရှိသူများက လုံခြုံရေးအခြေအနေကြောင့် ပေါ်တူဂီသို့ပြောင်းရွှေ့ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဆန်းတို့စ်က အကြမ်းဖက်မှုများကြောင့် ဘောလုံးလောကကို အထိခိုက်ခံမည်မဟုတ်ကြောင်း ကစားသမားများအနေနှင့်ပွဲအပေါ်အာရုံစိုက်ကစားနိုင် မည်ဖြစ်ကြောင်း  အရေးကြီးဆုံးအချက်မှာ မည်သည့်အကြောင်းအရာကမှ ဘောလုံးပွဲတစ်ခုကိုပျက်ပြားသွားစေနိုင်မည်မဟုတ်သည် ကို ပြသခြင်းဖြစ်ပြီး နိုင်ငံရေးမပါသည့် အားကစားဆိုသည့်အပေါ် လူအများကလည်း ကြောက်ရွံ့ခြင်းကင်းကင်းဖြင့်အားပေးနိုင် မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here