Euro 2016

သင်ခန်းစာယူရမည်ဆိုတဲ့ နည်းပြ

Mar 29 , 2016

မိမိအသင်းမှကစားသမားများအနေနှင့်အင်္ဂလန်လူငယ်သွေးသစ်များ၏ အောင်မြင်မှုရလာခြင်းအပေါ်သင်ခန်းစာယူကြရမည်

ဖြစ်ကြောင်း ဟော်လန်နည်းပြဘလိုင်းကပြောဆိုလိုက်သည်။

ဟော်လန်အသင်မှာ ယနေ့ညတွင် အင်္ဂလန်အသင်းနှင့်ဝင်ဘလေ၌ခြေစမ်းပွဲကစားကြမည်ဖြစ်ပြီး အင်္ဂလန်အသင်းမှာ ယူရို၂၀၁၆ ခြေစစ်ပွဲအောင်ထားသောအသင်းဖြစ်သော်လည်း ဟော်လန်မှာမူ ထိုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရမည်မဟုတ်ပေ။

အင်္ဂလန်အသင်းမှာခြေစစ်ပွဲတွင်ရလဒ်ကောင်းများဖြင့်  အောင်မြင်ခဲ့သော်လည်း ခြေစစ်ပွဲကျဆုံးခဲ့သည့် ဟော်လန်နှင့်ပတ်သက်၍ နည်းပြ ဘလိုင်းက ဖြစ်ခဲ့ရတာနဲ့ပတ်သက်လို့သေချာရေရာတဲ့အကြောင်းပြချက်တစ်ခုကိုရှာရတာခက်ခဲပါတယ်။ကျနော်တို့ဟာ ၁၉၈၀ကျော်ကာလ ကလည်း အခက်အခဲတစ်ချို့ ရင်ဆိုင်ခဲ့ရပြီးပါပြီ(ဟော်လန်မှာ ၁၉၈၂ နှင့်၁၉၈၆ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်အောင်မြင်ခဲ့ခြင်း မရှိပေ)၊ဒါ ဟာဘောလုံးပါပဲ၊တကယ့်ကစားသမားကောင်းတွေရှိပေမဲ့လည်းဖြစ်ချင်တိုင်းမဖြစ်ခဲ့ပါဘူး။လက်ရှိအချိန်မှာတစ်ချိန်ကနာမည်ကြီး ကစား သမားတွေ မရှိတော့တာမို့ ခြေစွမ်းရှိတဲ့ သွေးသစ်တွေမွေးထုတ်ဖို့လိုအပ်လာပါပြီ။၂၀၁၀မှာ ဒုတိယ၊၂၀၁၄မှာ တတိယဆုရခဲ့တဲ့ဟော်လန် ယူရို၂၀၁၆မှာ မပါရဘူးဆိုတာ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာဖြစ်သလို အောင်မြင်တဲ့အသင်းဆကီနေလည်း သင်ခန်းစာတွေယူရပါလိမ့်မယ်ဟု ပြောဆိုသွားခဲ့သည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here