AFC Cup News

၂၀၁၇ မတ်လတွင် AFCဖလားတတိယဆင့်စမည်

Apr 02 , 2016

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲစဉ်များကို ၂၀၁၇ ခုနှစ် မတ်လတွင် စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လေးသင်းပါအုပ်စု ခြောက်စုခွဲ၍ ကစားစေမည်ဖြစ်ကြောင်း သိရသည်။

ယင်းအုပ်စုများမှ ထိပ်ဆုံး၂သင်းစီသည် ၂၀၁၉ ခုနှစ်တွင်ကျင်းပမည့် အာရှဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရ သည်။

လက်ရှိတွင် ခြေစစ်ပွဲတတိယအဆင်သို့တက်လှမ်းနိုင်သည့်အသင်းများမှာ မြန်မာအသင်းအပါအ၀င် မြောက်ကိုရီးယား၊ဂျော်ဒန်၊

အိုမန်၊လက်ဘနွန်၊ပါလက်စတိုင်း၊ကာဇက်စတန်၊ဟောင်ကောင် ၊တာမင့်နစ္စတန်၊စင်ကာပူ၊ဗီယက်နမ်၊ကူဝိတ်၊ ဖိလစ်ပိုင်၊ဂူအမ်၊ ဘာရိန်းနှင့်အာဖဂန်နစ္စတန်အသင်းတို့သာ ခြေစစ်ပွဲတတိယအဆင့်သို့ တိုက်ရိုက်တက်လှမ်းယှဉ်ပြိုင်ခွင့်ရရှိထားပြီး လက်ကျန်ရှစ်နေရာ အတွက် တာဂျစ်ကစ္စတန်၊တရုတ်(တိုင်ပေ)၊မော်လ်ဒိုက်၊အိန္ဒိယ၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအိုနှင့်ယီမင်အသင်းတို့မှာ လက်ကျန် ရှစ်နေရာအတွက် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် မေလအတွင်းယှဉ်ပြိုင်ကစားမည့် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ဧပြီ၂၀ရက် တွင် လေ့ကျင့်ခန်းပြန်ဆင်းမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲအပြီးတွင် ဥရောပဘောလုံးအသင်းကြီးနိုင်ငံများသို့ ထွက်ခွာ ၍ ခြေစမ်းခရီးစဉ်များစတင်မည်ဖြစ်သည်။

 

U Myo Thant




<< Back AFC Cup News


Advertisement
Here