AFC Cup News

အနိုင်ကစားမည့် ရန်ကုန်

Apr 05 , 2016

 2016 AFC Cup ပြိုင်ပွဲ၏ အုပ်စု(G)စတုတ္ထပွဲစဉ်အဖြစ် ဧပြီ၁၃ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အိန္ဒိယနိုင်ငံမှ မိုဟန်ဘေဂန် ကလပ်အသင်းတို့သည် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ယင်းပွဲစဉ်ကို သင်္ကြန်ကာလတွင်ကစားရမည်ဖြစ်သော်လည်းရန်ကုန်ယူနိုက်တက်အနေဖြင့်မည်သည့်ဖိအားမှမရှိပဲနိုင်ပွဲရယူသွား မည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်း၏နည်းပြချုပ် မာဂျန်ပြောကြားချက်အရသိရသည်။

အသင်းရဲ့ တာဝန်ရှိသူတချို့က ဒီပွဲကို သင်္ကြန်ကာလနှင့်တိုက်ဆိုင်နေတာကြောင့် သွားလာရေးအဆင်မပြေမှာစိုးလို့ ရက်ပြောင်းပြီကစားဖို့ အာရှဘောလုံးအဖွဲ့ချုပ်ကိုတောင်းဆိုခဲ့ပေမယ့် ခွင့်မပြုတာကြောင့် ဧပြီ၁၃ရက်မှပဲ ဒီပွဲကိုကစားရမှပါ။အသင်းရဲ့ ကစားငသမားတွေကလည်း ဒီပွဲမှာ အနိုင်ရရှိချင်တာကြောင့် ခြေစွမ်းကုန်ထုတ်ကစားသွားမှာဖြစ်လို့ ဘာဖိအားမှမရှိပါဘူးဟု ၎င်းကဆက်လက်ပြောသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here