Bundesliga News

ထောင်ကျနိုင်သော ကွန်တီ

Apr 06 , 2016

၂၀၁၁ခုနှစ်က ဖြစ်ပွားခဲ့သောလုပ်ပွဲကစားမှုတွင် ပါဝင်သတ်သက်နေသည်ဆိုသော အီတလီလက်ရွေးစင်အသင်းနည်းပြကွန်တီမှာ ထောင်၆ လကျခံရမည့်အရေးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၁၁တွင်ကွန်တီမှာ စီးရီးဘီကလပ် ဆီနာကို ကိုင်တွယ်နေချိန်ဖြစ်ပြီး လုပ်ပွဲကစားမှုတွင် ပါဝင်သည်ဟု ဆိုကာ စွပ်စွဲခံထားရခြင်းဖြစ်ပြီး အီတလီဘောလုံးအဖွဲ့ချုပ်မှချမှတ်ခဲ့သော ပွဲပယ်ပြစ်ဒဏ်များကိုခံခဲ့ရပြီဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှုး မာတီနိုမှာ ယမန်နေ့က တံခါးပိတ်ကြားနာမှုတွင် ကွန်တီအနေနှင့်အပြစ်ရှိသည်ဟု စွပ်ချက်တင်ခဲ့ပြီး ထောင်ဒဏ်နှင့်ငွေ ဒဏ် ယူရို ၈ထောင် ကျခံစေသင့်သည်ဟု ဆိုခဲ့သည်။

ကွန်တီမှာ သူ့၏ရှေ့နေ ကမ်မာရာတာတို့မှာ ဧပြီ၁၁ရက်နေ့ တရားရုံးတွင်အပြစ်မရှိကြောင်း ထုချေလွှာတင်နိုင်မည်ဖြစ်ပြီး မေလ လလယ်ပိုင်း ခန့်တွင် အပြီးသတ်အမိန့်ချမည်ဟု သိရသည်။

လာမည့် ရာသီတွင် ချဲလ်ဆီးကိုကိုင်တွယ်ရန် သဘောတူထားပြီဖြစ်သည့် ကွန်တီ၏ယခုအမှုအတွက် ချဲလ်ဆီးအသင်းဘက်မှ မှတ်ချက်တစ်စုံ တစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

U Myo Thant

<< Back Bundesliga News


Advertisement
Here