Serie-A News

ရလဒ်ကိုကျေနပ်တဲ့ ပယ်လီဂရီနီ

Apr 07 , 2016

PSGနှင့်အဝေးကွင်းပွဲတွင် ၂ဂိုးစီသရေကျခဲ့သည့်ရလဒ်ကိုကျေနပ်ကြောင်းနှင့်ဒုတိယအကျော့တွင် ကစားသမားများအနေနှင့်အမှားနည်းနိုင် သမျှနည်းအောင် ကစားသွားရမည်ဖြစ်ကြောင်းမန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် ဧည်သည့် မန်စီးတီးအသင်းက ဦးဆောင်ဂိုးစရခဲ့သော်လည်း ၂ဂိုးပြန်ပေးလိုက်ရသဖြင့် အနောက်မှအသည်းအသန်လိုက် ကစားခဲ့ရကာ ၇၂မိနစ်တွင်ချေပဂိုးရခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သူ ဒီဘရိုင်နီမှာ ဒဏ်ရာရခဲ့သဖြင့် ဒုတိယအကျော့တွင် မပါဝင်နိုင်မည်ကို အနည်းငယ်စိုးရိမ် ရဦးမည်ဖြစ်သည်။

ပယ်လီဂရီနီက သရေရလဒ်ဖြစ်သည့်အပြင် အဝေးကွင်းမှာ ၂ဂိုးရခဲ့လို့ ကောင်းတဲ့ရလဒ်ပါ။ဒါပေမယ့် ကျနော် ကစားသမားတွေအမှားကြီး ၂ခုလုပ်ခဲ့ကြတယ်။ဒီအတွက် ပထမဆုံးဂိုးကိုပြန်ပေးလိုက်ရတယ်။ကျနော်တို့အနေနဲ့ ဒုတိယအကျော့မှာ ဘာအမှားမှမရှိအောင် သတိထားကြိုးစားသွားရပါလိမ့်မည်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here