Europe News

ဂရိနည်းပြ ရေနီယာရီ

Jul 26 , 2014

၁၀ နှစ်အတွင်း ၅ ကြိမ်အထုတ်ခံရကာ လျော်ကြေး ပေါင် ၁၀ သန်းကျော်ရခဲ့သည့် ရေနီယာရိကို ဂရိဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

ချဲလ်ဆီးတွင် ရှိနေခဲ့စဉ်က တင့်ကားလူသားဟု နာမည်ရခဲ့သည့် ရေနီယာရီမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ချဲလ်ဆီး၊ ဗလင်စီယာ၊ အင်တာ၊ ဂျူဗင်တပ်၊ မိုနာကိုတို့တွင် နည်းပြအဖြစ် တာဝန်ယူခဲ့သော်လည်း ၅ သင်းလုံး၏ အထုတ်ခံ နည်းပြတစ်ဦး ဖြစ်ခဲ့သည်။

ထိုသို့အထုတ်ခံရမှုကြောင့် လျော်ကြေးအဖြစ်ရရှိခဲ့သည့် ပမာဏမှ ပေါင် ၁၀ သန်းကျော်ပြီဖြစ်သည်။ လွန်ခဲ့သည့် မေလတွင် မိုနာကိုနည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီး ပေါင် ၄ သန်း ရရှိခဲ့သည်။

သူသည် ၂၀၀၀ ပြည့်နှစ် ချဲလ်ဆီးသို့ မရောက်ရှိမီ ကက်ဂလီယာရီ၊ နာပိုလီ၊ ဖီအိုရင်တီးနား၊ ဗလင်စီယာ၊ အက်သလက်တီကို တို့ကိုလည်း တာဝန်ယူခဲ့ဘူးသည့် အီတလီသား တစ်ဦးဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here