Serie-A News

ချန်ပီယံဖြစ်သွားသော ဂျူဗင်တပ်

Apr 26 , 2016

အမှတ်ပေးဇယားဒုတိယနေရာမှ နာပိုလီအသင်းမှာ တတိယနေရာမှ ရိုးမားကို ၁းဝဖြင့် ရှုံးနိမ့်သွားခဲ့သောကြောင့် ဇယားထိပ်မှ ဂျူဗင်တပ် အသင်းမှာလက်ကျန်၃ပွဲတွင် ရလဒ်မည့်သို့ပင်ဖြစ်စေ စီးရီးအေ ချန်ပီယံဖြစ်သွားခဲ့ပြီဖြစ်သည်။

နာပိုလီအသင်းမှာ ၃၄ပွဲကစားပြီးချိန်တွင် ဂျူဗင်တပ်နှင့်၁၂မှတ်ကွာဟနေခဲ့ပြီး ပွဲစဉ် ၃၅တွင် ရှုံးသွားခဲ့သောကြောင့် ဂျူဗင်တပ်က ၃ပွဲကျန်ခရီးတွင် ၁၂မှတ်ဖြတ်ထားခဲ့ပြီဖြစ်၍ဗိုလ်စွဲသွားခြင်းဖြစ်သည်။

ယခုကဲ့သို့ ဗိုလ်စွဲခဲ့ခြင်းမှာ ဂျူဗင်တပ်အတွက် ၅ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ရာသီအစပိုင်း၁၀ပွဲကစားအပြီးတွင် ၁၂မှတ်သာရကာ ရလဒ်များဆိုးရွားခဲ့သော်လည်း နောက်ပိုင်းကစားရသည့်၂၅ပွဲတွင် ၂၄ပွဲနိုင်အောင် ကစားနိုင်ခဲ့ခြင်းကြောင့်လည်း ထိုက်ထိုက်တန်တန်ဗိုလ် စွဲနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ဗိုလ်စွဲနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂိုးသမားဘူဖွန်က ယခုဆုမှာ အလှပဆုံးဆုပင်ဖြစ်ကြောင်း ရာသီအစအခက်အခဲများကြောင့် ဝေးကွာ သွားပြီဟု ထင်ရသည့် ဖလားကိုပြန်ရနိုင်ခဲ့၍ ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here