AFC Cup News

AFC Cup ပြိုင်ပွဲအကြို သတင်းစာရှင်းလင်း

Apr 27 , 2016

၂၀၁၆ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု ပွဲစဉ်(၅)အဖြစ် ယှဉ်ပြိုင်ကစားမည့် ဧရာဝတီအသင်းနှင့် မလေးရှားကလပ် ဂျိုဟိုဒါရူးလ်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက MFF ရုံး၌ ပြုလုပ်သည်။

ဧရာဝတီအသင်း နည်းပြချုပ် ဦးကျော်လွင်က ကျွန်တော်တို့အသင်းက နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးနည်းနေပြီဆိုပေမယ့် အကောင်းဆုံးရလဒ်တစ်ခု ရယူနိုင်အောင် ကြိုးပမ်းသွားမှာပါ။ ပထမအကျော့က ဂျိုဟိုဒါရးဒအသင်းကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် အခု ဒုတိယအကျော့မှာတော့ ဒါမျိုးအဖြစ်ခံမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အားသာချက်တွေကို ပိတ်ဆို့ဟန်တားနိုင်အောင် ပြင်ဆင်ပြီးသွားပါပြီ။ ရလဒ်ကောင်းတစ်ခုရယူနိုင်မယ်လို့ ယုံကြည်ထားပါတယ် ဟုပြောကြားခဲ့သည်။

ဂျိုဟိုဒါရူးအသင်းနည်းပြချုပ် မာရီယိုဂိုးမက်ဇ်က လာမယ့်တစ်ပတ်မှာ ပြည်တွင်းလိဂ်ပွဲစဉ်က အရေးကြီးနေတာကြောင့် အမာခံကစားသမား တချို့ကို ချန်ထားခဲ့ပါတယ်။ လူငယ်ကစားသမားတွေကို ဦးစားပေးအသုံးပြုမှာ ဖြစ်ပေမယ့် အနိုင်ရလဒ်အတွက်ပဲ ယှဉ်ပြိုင်ကစားသွားမှာပါ။ ချန်ပီယံဆု ကာကွယ်နိုင်ဖို့အတွက် အလွန်ခက်ခဲမှာပါ။ ဒါပေမယ့် တစ်ဆင့်ချင်း ကြိုးပမ်းရမှာဖြစ်ပြီး အရင်ဆုံးအနေနဲ့ အုပ်စုပထမရဖို့ကြိုးစားသွားမှာပါ ဟု ပြောကြားခဲ့သည်။ ဂျိုဟိုဒါရူးလ်အသင်းသည် ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် လေးပွဲစလုံးအနိုင် ရရှိထားကာ ရှုံး/ထွက်အဆင့် တက်ရောက်သွားပြီဖြစ်သည်။

ဧရာဝတီအသင်းနှင့် ဂျိုဟိုဒါရူးလ်အသင်းတို့သည် ဧပြီ ၂၇ ရက် (ယနေ့) ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမအကျော့က ဧရာဝတီအသင်းသည် အဝေးကွင်း၌ ၈ဂိုး-၁ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ တခြား ပွဲစဉ်ဖြစ်သည့် တောင်တရုတ်အသင်းနှင့် ရန်ကုန်အသင်းတို့မှာ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဟောင်ကောင်၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here