Europe News

လက်မလျော့သေးတဲ့ လူဆက်စကူး

Apr 29 , 2016

ရှက်တာဒိုးနက် နည်းပြ လူဆက်စကူးက ဆီဗီးလားနှင့် အိမ်ကွင်းပွဲတွင် သရေသာ ကစားနိုင်ခဲ့သော်လည်း ဗိုလ်လုပွဲ တက်ရန် အခွင့်အရေးရှိနေသေးကြောင်း ပြောဆိုလိုက်သည်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အိမ်ကွင်းတွင် ဆီဗီးလားကို လက်ခံကစားခဲ့ရာ၌ မိနစ် ၈၀ကျော်သည့်အထိ ၂း၁ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း လက်ရှိချန်ပီယံ ဆီဗီးလားက ပင်နယ်တီရသွားကာ ချေပဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဥရောပဖလားပြိုင်ပွဲများတွင် မည်သည့်အသင်းကမျှ ၃ကြိမ်ဆက်ဗိုလ်မစွဲနိုင်သည်မှာ နှစ်ပေါင်း ၄၀ ကျော် ရှိလာပြီဖြစ်သော်လည်း ဆီဗီးလားမှာ ယခု ယူရိုပါလိဂ်ဖလားကို ၂၀၁၄နှင့် ၂၀၁၅ တို့တွင် ဗိုလ်စွဲထားခဲ့သဖြင့် ယခုနှစ်တွင် ထပ်မံဗိုလ်စွဲပါက ၃ကြိမ်ဆက်တိုက် ဗိုလ်စွဲသည့် အသင်း အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

လူဆက်စကူးက နောက်ကျချေပဂိုး ပေးလိုက်ရခြင်းကြောင့် ကစားသမားများ စိတ်ဓာတ်ကျသလို ဖြစ်ခဲ့ရသော်လည်း ဒုတိယအကျော့တွင် ရသမျှ အခွင့်အရေးများကို အသုံးချနိုင်ရန် ကြိုးစားသွားမည်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here