Europe News

ဘရာဇီးပဏာမ လူစာရင်း

Apr 30 , 2016

ဘရာဇီးအသင်းနည်းပြ ဒွန်ဂါမှာ ကိုပါအမေရိကပြိုင်ပွဲအတွက် ပဏာမကစာသမား ၄၀ ပါဝင်သော စာရင်းကို ထုတ်ပြန်လိုက်ပြီး လာမည့် မေလ ၅ရက်နေ့တွင် ၂၃ ဦးသို့ လျှော့ချသတ်မှတ်မည်ဖြစ်သည်။

အဆိုပါ လူစာရင်းတွင် နာမည်ကြီး တိုက်စစ်မှုး နေမာ ပါဝင်လာခြင်း မရှိပဲ ယင်းဘာစီလိုနာ တိုက်စစ်မှုးမှာ ရီယို အိုလံပစ်ပြိုင်ပွဲတွင်သာ ပါဝင်မည်ဖြစ်သည်။

အလားတူ ရီးရဲလ်မှ မာဆယ်လိုနှင့် PSGမှ လူးဝစ်တို့လည်း ပါဝင်လာခြင်းမရှိပဲ လူငယ်ကစားသမားများ ပိုမိုပါဝင်လာခဲ့သည်။

အချို့ကစားသမားများမှာ ပဏာမလက်ရွေးစင်အဆင့်သို့ ပထမဆုံး ပါဝင်လာကြခြင်းဖြစ်ပြီး အမှန်တကယ် ကစားခွင့်ရနိုင်မည့် ၂၃ဦးပါ နောက် ဆုံးလူစာရင်းကို လာမည့် ၅ရက်နေ့တွင်မှ သိရမည်ဖြစ်သည်။

ယင်း ၂၃ ဦးထဲတွင် ပါဝင်ခဲ့ပြီးနောက် အပြောင်းအလဲလုပ်လိုပါကလည်း ပဏာမ လူ ၄၀ စာရင်းထဲပါသူများနှင့်သာ အစားထိုးရမည်ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here