AFC Cup News

မျှော်လင့်နိုင်မည်သေးသော ရန်ကုန်ယူနိုက်တက်

May 02 , 2016

၂၀၁၆ AFC Cup ပြိုင်ပွဲတွင် အုပ်စု (G)နောက်ဆုံးပွဲ၌ မာဇီယာအသင်းကို အနိုင်ရရှိပါက နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် မျှော် လင့်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် မာဂျန်က ပြောသည်။

ရန်ကုန်ယူနိုက်တတ်အသင်းသည် ဧပြီ ၂၇ ရက်က တောင်တရုတ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၂ဂိုး-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကာ အုပ်စု (G)၏ အဆင့် (၃) နေရာသို့ ရောက်ရှိခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်ရန် လက်ကျန်တစ်ပွဲ အနိုင်ရရှိရေး လိုအပ်သော်လည်း မိုဟန်ဘေဂန်နှင့် တောင်တရုတ်အသင်း ရလဒ်တို့ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်း AFC Cup ပြိုင်ပွဲတွင် အုပ်စု (G)၌ မိုဟန်ဘေဂန်အသင်း၊ တောင်တရုတ်အသင်း၊ မာဇီယာ အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ပွဲစဉ်ငါးပွဲယှဉ်ပြိုင်ပြီးချိန်တွင် မိုဟန်ဘေဂန်အသင်းက ရမှတ် ၁၁မှတ်ဖြင့် နောက် တစ်ဆင့်သို့ တက်ရောက် သွားခဲ့ပြီး တောင်တရုတ်အသင်းက ရမှတ် ခြောက်မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာ၌ ရပ်တည်နေသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် မာဇီယာအသင်းတို့ ရမှတ် ငါးမှတ်စီရရှိထားပြီး ဂိုးကွာခြားချက်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း က တတိယနေရာ၌ ရပ်တည်နေကာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မေ၁၁ရက်တွင် မိုဟန်ဘေဂန်နှင့် တောင်တရုတ်အသင်း၊ ရန်ကုန် ယူနိုက်တက်အသင်းနှင့် မာဇီယာအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မာဇီယာအသင်းကို အနိုင်ရရှိရန်လိုအပ်သော်လည်း တောင်တရုတ်အသင်း၏ ရလဒ်ကိုစောင့်ကြည့်ရ မည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲတွင် တောင်တရုတ်အသင်း သရေ(သို့မဟုတ်) ရှုံးနိမ့်မှသာ ရန်ကုန်ယူနိုက်တက်အသင်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here