Serie-A News

မျှော်လင့်ချက်ကုန်သော အင်တာ

May 02 , 2016

လာဇီယိုနှင့် ကစားခဲ့သောပွဲတွင် ၂းဝဖြင့်ရှုံးနိမ့်သွားခဲ့သောကြောင့် နည်းပြ  မန်ချီနီ၏ အင်တာအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

အိမ်ရှင်လာဇီယိုအသင်းဘက်မှက လိုဆေးနှင့် ကန်ဒရီဗာတို့က ဂိုးများသွင်းခဲ့ကြခြင်းဖြစ်ပြီး မန်ချီနီ၏ အင်တာအသင်းမှာ ၃၆ပွဲကစား ၆၄မှတ်သာ ရရှိထားခဲ့သဖြင့် အဆင့် ၃ ရိုးမားနှင့် ၇မှတ်ကွာဟသွားခဲ့သောကြောင့် အဆင့် ၄ ယူရိုပါလိဂ်ဝင်ခွင့်ကိုသာ ရရှိတော့မည်ဖြစ်သည်။

အဆင့် ၂ နာပိုလီနှင့် အဆင့် ၃ ရိုးမားတို့မှာ လက်ကျန်ပွဲများတွင် မည်သို့ပင် အဖြေထွက်ထွက် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားကြပြီဖြစ်သည်။

တန်းဆင်းဇုန်ထဲတွင် ရှိနေသော အဆင့် ၁၉ ဖရိုဆင်ဝမ်းအသင်းမှာ တန်းဆင်းဇုန်လွတ်သည့်အသင်းနှင့် ၄မှတ်ကွာဟနေခြင်းကြောင့် လက်ကျန် ၂ပွဲသာ ကျန်ချိန်တွင် မျှေည်လင့်ချက်နည်းသွားခဲ့ပြီ ဖြစ်ပြီး အဆင့် ၁၈မှ ၃၅မှတ်ရ ပါလာမို၊ အဆင့် ၁၇မှ ၃၅မှတ်ရ ကာပီနှင့် အဆင့် ၁၆မှ ၃၈မှတ်ရ အူဒီနီးစ်အသင်းတို့မှာ လက်ကျန်ပွဲများတွင် အမှတ်ရရှိရေး အစွမ်းကုန်ရုန်းကန်ကြရဦးမည်ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here