Europe News

လက်ရှိချန်ပီယံ ဗိုလ်လုပွဲတက်

May 06 , 2016

ယူရိုပါလိဂ် လက်ရှိချန်ပီယံဖြစ်သော ဆီဗီးလားအသင်းမှာ ရှက်တာဒိုးနက်အသင်းကို နှစ်ကျော့ပေါင်း ၅း၃ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ ၃ကြိမ် ဆက်တိုက်အဖြစ် တက်ရောက်လာခဲ့ပြီဖြစ်သည်။

ပထမအကျော့အဝေးကွင်းတွင် ၂ဂိုးစီသရေ ကစားထားခဲ့သော ဆီဗီးလားမှာ ဒုတိယအကျော့ အိမ်ကွင်းပွဲတွင် ၃း၁ဖြင့် အနိုင်ကစား ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။

ယခင်က UEFA ဖလား ယခု ယူရိုပါလိဂ်ပြိုင်ပွဲများတွင် မည်သည့်အသင်းမျှ ၃ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ခြင်းမရှိသေးပဲ ဆီဗီးလားသာ ယခုလ ၁၈ရက် ဘေဆယ်တွင် ကစားရမည့် ဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါ က ၃ကြိမ်ဆက်တိုက် ပထမဆုံး ချန်ပီယံအဖြစ် စံချိန်တင်လိမ့်မည် ဖြစ်သည်။

ယခင်က ၂ကြိမ်ဆက် ရထားသည့် အသင်းများမှာ ရီးရဲလ်(၈၅၊၈၆)၊ ဆီဗီးလား(၂၀၀၆၊၂၀၀၇)နှင့် (၂၀၁၄၊၂၀၁၅)တို့ဖြစ်ကြသည်။

ဆီဗီးလားမှာ နောက်ဆုံး ဗိုလ်လုပွဲတွင် စပိန်ကလပ် ဗီလာရီးရဲလ်ကို နှစ်ကျော့ပေါင်း ၃း၁နှင့် ကျော်ဖြတ်နိုင်ခဲ့သော လီဗာပူးနှင့်ကစားရ မည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here