Serie-A News

သက်တမ်းတိုးသော အယ်လီဂရီ

May 07 , 2016

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်း နည်းပြ အယ်လီဂရီမှာ အသင်းနှင့် ၂၀၁၈အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။

သူသည် မီလန်တွင် ၃နှစ်ခွဲကြာနေခဲ့ပြီးနောက် နည်းပြကွန်တီကို ဆက်ခံကာ ၂၀၁၄ ဇူလိုင်တွင် ဂျူဗင်တပ်သို့ ရောက်ရှိလာသူဖြစ်ပြီး ဂျူဗင်တပ် အတွက် ၄နှစ်ဆက်တိုက်နှင့် ၅နှစ်ဆက်တိုက် ချန်ပီယံဆု ဖလားများကို ရယူပေးခဲ့သူဖြစ်သည်။

အသက် ၄၈နှစ်အရွယ် အယ်လီဂရီအနေနှင့် ယခုရာသီအစ ၁၀ပွဲတွင် ရလဒ်ဆိုးများနှင့် ကြုံတွေ့ခဲ့ ကာ ဝေဖန်ခံခဲ့ရသော် လည်း နောက်ထပ် ၂၅ပွဲ တွင် ၂၄ပွဲအနိုင်ရသည့်အထိ အသင်းကို ပြန်လည် ဦးမော့ စေခဲ့ကာ အမှတ်ပေး ချန်ပီယံဆုကို ထပ်မံ ရရှိ ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ရာသီတွင် ဂျူဗင်တပ်ကို ချန်ပီယံလိဂ် ဖိုင်နယ်အထိ ရောက်စေနိုင်ခဲ့သော အယ်လီဂရီမှာ ပီယာလို၊ ဗီဒယ်၊ တီဗက်ဇ် တို့နေရာတွင် ခီဒီရာ၊ ဒိုင်ဘာလာ၊ဆန်ဒရို၊ မန်ဒူဇစ်၊ ကော်ဒရာဒို စသော ကစားသမားများနှင့် အစားထိုးခဲ့ပြီး အသင်းကို ဆက် လက် အောင်မြင်စေခဲ့သူ လည်း ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here