Serie-A News

တန်းတက်လာသော ကက်ဂလီယာရီ

May 07 , 2016

အီတလီ စီးရီးဘီမှ ကက်ဂလီယာရီအသင်းမှာ ပွဲစဉ် ၄၀တွင် ဘာရီကို ၃ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် စီးရီးအေသို့ တိုက်ရိုက်တန်းတက် ခွင့်ရခဲ့ပြီဖြစ်သည်။

၂၂သင်းပါသော စီးရီးဘီတွင် ထိပ်ဆုံး ၂သင်းမှာ တိုက်ရိုက်တန်းတက်ခွင့်ရပြီး ကျန်တစ်နေရာအတွက် အဆင့် ၃မှ ၈အထိ ၆သင်းတို့က play-off ကစားခွင့်ရရှိကြသည်။

ကက်ဂလီယာရီမှာ ပွဲ ၄၀ကစား ၇၇မှတ်ရထားကာ အဆင့် ၃မှ ထရာပါနီထက် ၁၁မှတ် အသာစီးရခဲ့ပြီဖြစ်၍ ဇယားထိပ်မှ ခရိုတွန်နှင့်အတူ တိုက်ရိုက်တန်းတက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

တစ်ချိန်က စီးရီးအေတွင် ကျင်လည်ခဲ့ဘူးသော လီဗော်နို၊ ကိုမိုစသော အသင်းများမှာ လက်ရှိအဆင့် ၂၁နှင့် ၂၂တို့တွင်ရှိနေကာ နောက်တစ် ဆင့် တန်းဆင်းရမည် အနေအထားသို့ ရောက်နေကြပြီဖြစ် သည်။

၂၀၁၄-၁၅တွင် စီးရီးအေမှ တန်းဆင်းသွားရသော ကက်ဂလီယာရီမှာ တစ်ရာသီကြာပြီးနောက် စီးရီးအေသို့ ပြန်လည်ရောက်ရှိလာတော့ မည်ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here