Capital One Cup News

ကစားသမားသေဆုံးခဲ့သော ဒိုင်နမို

May 07 , 2016

ရိုမေနီးယားကလပ်တစ်ခုဖြစ်သော ဒိုင်နမိုဘူခါရက်စ်မှ ကင်မရွန်းသား ကွင်းလယ်ကစားသမား ပက်ထရစ်အီကန်းမှာ လူစားဝင်ကစားပြီး ၇မိနစ်အကြာတွင် ကွင်းအတွင်း မေ့လဲကျသွားခဲ့ကာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က ရိုမေနီးယား အမှတ်ပေးပွဲစဉ်အဖြစ် ဗီတိုရယ်အသင်းနှင့် ကစားရသော ပွဲစဉ်တွင် ပွဲချိန် ၆၂မိနစ်၌ လူစားဝင်ကစားခဲ့သော အီကန်း မှာ ၆၉မိနစ်တွင် ကွင်းအတွင်းလဲကျသွားခဲ့သည်။

အသင်းဆရာဝန်နှင့် ဆေးအဖွဲ့က ၂၆နှစ်သား အီကန်းကို ဖလိုရက်စကာ ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဆေးရုံမှ ဆရာဝန်များက ပြန်လည် သက်သာ လာအောင် ကြိုးစားခဲ့ကြသော်လည်း တစ်နာရီခန့်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၂၀၀၃ခုနှစ်ကလည်း ကင်မရွန်း ကွင်းလယ်ကစားသမား ဗီဗီယန်ဖိုးမှာ ပြင်သစ်တွင် ကျင်းပသည့် ကွန်ဖက်ဒရေးရှင်းဖလားပွဲအဖြစ် ကိုလံဘီယာနှင့် ယှဉ်ပြိုင်ကစားရသည့်ပွဲတွင် ကွင်းအတွင်း လဲကျသေဆုံးခဲ့ဘူးသည်။

U Myo Thant




<< Back Capital One Cup News


Advertisement
Here