Europa League

ကွင်းအကြောင်းပြောတဲ့ UEFA

May 07 , 2016

ပရိသတ် ၃သောင်းခွဲသာ ၀င်ဆံ့သော ဘေဆယ်ကွင်းကို ယူရိုပါလိဂ်ဖိုင်နယ်ပွဲ ကစားစေခြင်းနှင့် ပတ်သက်၍ UEFAက ကာကွယ်ပြောဆို သွားခဲ့သည်။

လာမည့် မေလ၁၈ရက်နေ့တွင် လီဗာပူးနှင့် ဆီဗီးလားတို့မှာ ဘေဆယ်အသင်းအိမ်ကွင်း စိန့်ဂျက်ကော့ဘ်ပတ်ခ်တွင် ယူရိုပါလိဂ် နောက်ဆုံး ဗိုလ်လုပွဲ ကစားကြမည်ဖြစ်ပြီး ယင်းကွင်းမှာ ယူရိုပါလိဂ်ဖိုင်နယ် ကစားခဲ့သမျှ ကွင်းများထဲတွင် ဒုတိယအသေးဆုံးကွင်း ဖြစ်ခဲ့သည်။

ထိုကွင်းတွင် ဖိုင်နယ်ကစားရန် UEFA အမှုဆောင်ကော်မတီက ၂၀၁၄ စက်တင်ဘာလတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပြီး ထိုအရေးနှင့် ပတ်သက် ၍ ဥရောပရဲ့ ကွင်းအကြီးတွေကို ချန်ပီယံလိဂ်ဖိုင်နယ် ကစားရာမှ သုံးခဲ့သလို တစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ် ဖိုင်နယ်ကိုတော့ နည်းနည်းပိုသေးတဲ့ ကွင်းမှာ ကစားစေတာ မထူးဆန်းပါဘူး။ ဥရောပမှာရှိတဲ့ ပရိသတ်တွေအတွက် ကွင်းမျိုးစုံမှာ လိုက်အားပေးခွင့်ရ သလို ကျင်းပခွင့်ရတဲ့ နိုင်ငံ အနေနဲ့လည်း အကျိုးအမြတ်ရှိစေပါတယ်ဟု ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။

ယခု ဗိုလ်လုပွဲအတွက် လီဗာပူးနှင့် ဆီဗီးလားတို့မှာ လက်မှတ်ခွဲတမ်း ၁၀၂၃၆စောင်စီ ရရှိကြပြီး လက်မှတ် ၈ထောင်ကျော်ကို အခြားကြည့်လို သူများအတွက် ရောင်းချပေးမည် ဖြစ်သည်။

U Myo Thant




<< Back Europa League


Advertisement
Here