AFC Cup News

AFC Cup နောက်ဆုံးပွဲစဉ်များ

May 09 , 2016

 မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းတို့ ပါဝင်သည့် ၂၀၁၆ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် များကို မေ ၁၁ရက်တွင် ကျင်းပမည်ဖြစ်သည်။

အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်အသင်းမှာ မော်လ်ဒိုက်ကလပ် မာဇီယာအသင်းနှင့် ည၇နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး ဧရာဝတီအသင်းမှာ အဝေးကွင်းပွဲစဉ်အဖြစ် မြန်မာစံတော် ချိန် ည၇နာရီ ၁၅မိနစ်တွင် လာအိုကလပ် လာအိုတိုယိုတာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အုပ်စုပွဲစဉ်(၅)အပြီးတွင် မြန်မာကလပ်အသင်းနှစ်သင်းအနက် ဧရာဝတီအသင်းမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ဧရာဝတီအသင်းသာ မျှော် လင့်ချက်ရှိနေခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ရှုံး/ထွက် အဆင့်သို့ တက်ရောက်နိုင်ရန် အခွင့်အရေးရှိနေသော်လည်း နောက်ဆုံးပွဲတွင် အနိုင်ရရန်လိုအပ်နေသည့်အပြင် တောင်တရုတ်အသင်း၏ ပွဲရလဒ်ကိုလည်း စောင်ကြည့်ရမည်ဖြစ်သည်။

ရန်ကုန်အသင်းမှာ အုပ်စု (G)တွင် ပါဝင်နေပြီး ပွဲစဉ်(၅)အပြီးတွင် အိန္ဒိယကလပ် မိုဟန်ဘေဂန်အသင်းက ရမှတ် ၁၁မှတ်ဖြင့် အုပ်စု ပထမရ ရှိကာ နောက်တစ်ဆင့် တက်သွားပြီဖြစ်သည်။ အုပ်စုဒုတိယ နေရာအတွက် အသင်းသုံးသင်းလုံး မျှော်လင့်ချက်ရှိနေပြီး ဟောင်ကောင် ကလပ် တောင်တရုတ်အသင်းက ခြောက်မှတ်၊ မြန်မာကလပ် ရန်ကုန်အသင်းနှင့် မော်လ်ဒိုက်ကလပ် မာဇီယာအသင်းတို့က ငါးမှတ်စီရရှိ ထားသည်။

ယင်းသုံးသင်းတွင် အခွင့်အရေးအရှိဆုံးမှာ တောင်တရုတ်အသင်းဖြစ်ပြီး နောက်ဆုံးပွဲကို အနိုင်ရရုံဖြင့် အခြားနှစ်သင်း၏ ရလဒ် ကို စောင့်ကြည့်စရာမလိုဘဲ ရှုံး/ထွက် အဆင့်ကို တက်ရောက် နိုင်မည်ဖြစ်သည်။

တောင်တရုတ်အသင်းမှာ နောက်တစ်ဆင့်တက်ပြီဖြစ်သည့် မိုဟန်ဘေဂန်အသင်းနှင့်ကစားရမည်ဖြစ်၍ အခွင့်အရေးရှိနေသော်လည်း အဝေးကွင်းကစားရမည်ဖြစ်သည်။ ရန်ကုန်နှင့်မာဇီယာအသင်းတို့မှာ ယှဉ်ပြိုင်မှု ပြင်းထန်နိုင်ပြီး အနိုင်ရသည့် အသင်းမှာ ရှုံး/ထွက် အဆင့် သို့ တက်ရန် မျှော်လင့်ချက်ရှိနေသော်လည်း တောင်တရုတ်အသင်း သရေ သို့မဟုတ် ရှုံးပွဲကြုံတွေ့မှာသာ အခွင့်အရေးရှိမည်ဖြစ်သည်။ ဧရာဝတီအသင်းနှင့် လာအိုကလပ် လာအိုတိုယိုတာအသင်းတို့မှာ နှစ်သင်းစလုံး အုပ်စုတက်ခွင့်မရှိတော့သော်လည်း ဂုဏ်သိက္ခာပိုင်း အတွက်သာ ကစားရမည်ဖြစ်သည်။

မြန်မာကလပ်အသင်းများမှာ AFC Cup ပြိုင်ပွဲကို ၂၀၁၂ခုနှစ်မှာ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ မြန်မာကလပ်အသင်း တစ်သင်း သို့မဟုတ် နှစ်သင်းစလုံးမှာ ရှုံး/ထွက်အဆင့်သို့ တက် ရောက်နိုင်ခဲ့သည်အစဉ်အလာကို ယခုနှစ်တွင်လည်း ထိန်းထားနိုင်ခြင်းရှိ၊ မရှိစောင့်ကြည့်ရမည်ဖြစ်သည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here