Ligue-1 News

ရှေ့ရေးအကြောင်းမပြောတဲ့ သူ

May 09 , 2016

PSGတိုက်စစ်မှုး အီဘရာဟင်မိုဗစ်မှာ ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းပြည့်မည်ဖြစ်ပြီး လာမည့်ရာသီ မည်သည့်အသင်း သို့ ပြောင်းမည်ကို တိတိကျကျ ပြောဆိုသွားခြင်း မရှိပေ။

ပြင်သစ်လိဂ်ဝမ်း ၁နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲတွင် လိဂ်ဝမ်း ၁နှစ်တာအကောင်းဆုံးဆုများ ရရှိခဲ့သူ အီဘရာဟင်မိုဗစ်က ကျနော်ရှေ့ရေးနှင့် ပတ်သက်လို့ ကျနော်တစ်ယောက်တည်း အပေါ် မှာ မူမတည်ပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ရဦးမှပါ ဟုပြောဆိုသွားခဲ့သည်။

အီဘရာဟင်မိုဗစ်ကို ပရီးမီးယားလိဂ်မှ မန်ယူနှင့် စီးရီးအေမှ မီလန်တို့က စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

၃၄နှစ်သား အီဘရာဟင်မိုဗစ်မှာ ယခုရာသီတွင် လိဂ်ပွဲ ၂၉ပွဲကစား ၃၅ဂိုး သွင်းယူပေးခဲ့ပြီး ၄နှစ်အတွင်း အကောင်းဆုံးကစားသမားဆုကို ၃ကြိမ် ရရှိခဲ့သူဖြစ်သည်။

PSG နည်းပြဘလန့်စ်က အကောင်းဆုံးနည်းပြဆု၊ မာဆေးလ် ဂိုးသမား မန်ဒန်ဒါက အကောင်းဆုံးဂိုးသမားဆု၊ ရိန်းအသင်းမှ ဒမ်ဘီလီက အကောင်းဆုံးလူငယ် ကစားသမားဆုတို့ ရရှိခဲ့ကြသည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here