AFC Cup News

ယနေ့ယှဉ်ပြိုင်မည့် AFC Cup

May 11 , 2016

မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းတို့ ပါဝင်သည့်၂၀၁၆ ရာသီ AFC Cup အုပ်စုနောက်ဆုံးပွဲစဉ် များကို မေ ၁၁ရက်(ယနေ့)တွင် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရန်ကုန်အသင်းသည် မော်လ်ဒိုက်ကလပ် မာဇီယာအသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ည ၇နာရီခွဲတွင်လည်းကောင်း၊ ဧရာဝတီအသင်း သည် လာအိုတိုယိုတာအသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ်လည်း ကောင်း ကစားရမည်ဖြစ်သည်။

ရန်ကုန်အသင်းနှင့် မာဇီယာအသင်းတို့၏ ၉ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့နေလယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ MFF ရုံး၌ ကျင်းပသည်။

ရန်ကုန်အသင်း နည်းပြချုပ် မာဂျန်က မာဇီယာအသင်းက တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်သလို မော်လ်ဒိုက်လက်ရွေးစင်ကစား သမားတွေ အများကြီးပါပါတယ်။ အဆုံးအဖြတ်ပွဲမှာ အဓိက ကစား သမားတွေဖြစ်တဲ့ ခင်မောင်လွင်နှင့် ကျော်ကိုကိုတို့မပါနိုင်လို့ အား နည်းနိုင်ပါတယ်။ ဒါပေမယ့် ပြင်ဆင်ပြီးသွားပါပြီ၊၊ အနိုင်သုံးမှတ် ရယူပြီး နောက်တစ်ဆင့် တက်ရောက်နိုင်အောင် ကြိုးပမ်းသွားမှာ ပါဟု ပြောသည်။

မာဇီယာအသင်း လက်ထောက်နည်းပြ အာမက်က ကျွန်တော်တို့ရော ရန်ကုန်အသင်းပါ အနိုင်ရလဒ်အပြင် တောင်တရုတ်အသင်းရဲ့ ရလဒ်ကိုပါ စောင့်ကြည့်ရမှဖြစ်ပေမယ့် ကိုယ့်ပွဲကိုပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့အသင်း အနိုင်ရဖို့ ကြိုးပမ်းသွားမှာပါဟု ပြောသည်။

အုပ်စု(G)နောက်ဆုံးပွဲစဉ်များကို မေ ၁၁ရက် (ယနေ့) မြန်မာစံတော်ချိန် ည၇နာရီခွဲတွင် တစ်ပြိုင်နက် ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက်(မြန်မာ)နှင့် မာဇီယာ(မော်လ်ဒိုက်)၊ အိန္ဒိယနိုင်ငံ၌ မိုဟန်ဘေဂန်(အိန္ဒိယ)နှင့် တောင်တရုတ် (ဟောင်ကောင်) တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယင်းအုပ်စုတွင် မိုဟန်ဘေဂန်အသင်းက နောက်တစ်ဆင့်တက်ပြီးဖြစ်သော်လည်း လက်ကျန်တစ်နေရာအတွက် သုံးသင်းစလုံး အခွင့်အရေးရှိနေပြီး တောင်တရုတ်အသင်းက ခြောက်မှတ်၊ ရန်ကုန် အသင်းနှင့် မာဇီယာအသင်းတို့က ငါးမှတ်စီ ရရှိထားသည်။

မြန်မာကလပ်အသင်းဖြစ်သည့် ဧရာဝတီအသင်းနှင့် လာအိုတိုယိုတာအသင်းတို့သည် နှစ်သင်းစလုံး  အုပ်စုအဆင့် ထွက်ခဲ့ရသည့် အသင်းများဖြစ်သည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here