AFC Cup News

အုပ်စုအဆင့်မှထွက်ခဲ့ရသော ရန်ကုန်

May 12 , 2016

၂၀၁၆ရာသီ AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များအဖြစ် ယနေ့ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်း က မော်လ်ဒိုက်အသင်းကို ၃ဂိုး-၂ဂိုး၊ ဧရာဝတီအသင်းက လာအိုတိုယိုတာ အသင်းကို ၃ဂိုး-၂ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

သုဝဏ္ဏကွင်း၌ ကစားခဲ့သောပွဲစဉ်တွင် ရန်ကုန်အသင်းမှာ အိမ်ကွင်း၌ မော်လ်ဒိုက်အသင်းကို အနိုင်ရခဲ့သော်လည်း တချိန်တည်း ယှဉ်ပြိုင်ကစားသည့် မိုဟန်ဘေဂန်နှင့် တောင်တရုတ်တို့ပွဲတွင် တောင်တရုတ်အသင်းက ၃ဂိုးပြတ်အနိုင်ရခဲ့သောကြောင့်  ရန်ကုန်အသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

မြန်မာကလပ်အများစုမှ ၂၀၁၃ခုနှစ်မှစ၍ AFC Cup ပြိုင်ပွဲတွင် အုပ်စုအဆင့်ကို ကျော်ခဲ့သော်လည်း ယခုနှစ်တွင် ရန်ကုန်အသင်းရော၊ ဧရာဝတီအသင်းပါ အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။

ရန်ကုန်အသင်းမှာ အဓိက ကစားသမားများဖြစ်သည့် ခင်မောင်လွင်နှင့် ကျော်ကိုကိုတို့ ပွဲပယ်ခံထားရကြောင့် ပွဲထွက်လူစာရင်းကို အနည်းငယ်ပြောင်းလဲခဲ့သည်။ ပွဲအစပိုင်းတွင် မာဇီယာ တိုက်စစ်ရှိခဲ့ သော်လည်း နောက်ပိုင်းတွင် ရန်ကုန်အသင်းက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ၁၈မိနစ်တွင် မာဆယ်လိုက အဖွင့်ဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင်ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး ၅၄မိနစ်တွင် ကြည်လင်း၊ ၆၅မိနစ်တွင် ဇော်မင်းထွန်းတို့က ရန်ကုန်အတွက် ဂိုးများ ထပ်မံသွင်း ယူခဲ့သည်။ မာဇီယာအတွက် ချေပဂိုးများကို ၅၁မိနစ်တွင် အဗ္ဗဒူလာ၊ ၈၂မိနစ်တွင် အီဆာအစ္စမေးလ်တို့က သွင်းယူခဲ့ပြီး ၆၃မိနစ်တွင် ရရှိခဲ့ သည့် ပယ်နယ်တီကို ရန်ကုန်ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ရန်ကုန်အသင်းမှာ အုပ်စုပွဲစဉ်အပြီးတွင် ရှစ်မှတ်ရရှိသော်လည်း တတိယနေ ရာမှ ထွက်ခဲ့ရသည်။

လာအို၌ ကစားသည့်ပွဲတွင် လာအိုတိုယိုတာအသင်းကို ဧရာဝတီအသင်းက ၃ဂိုး-၂ဂိုးဖြင့်အနိုင်ရရှိပြီး ဒုတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့သည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here